ဝါရှင်တန်ပို့စ် သတင်းထောက်အား လုပ်ကြံခဲ့မှုမှ ဆော်ဒီအိမ်ရှေ့စံ ကင်း လွတ်ခွင့်ရ

0
273

ဘိုင်ဒင်အစိုးရသည် ဝါရှင်တန်ပို့စ် သတင်းထောက် ဂျမဲလ် ခါရှော့ခ်ဂျီအား လုပ်ကြံရန် စေခိုင်းခဲ့သော ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင် ဆယ်လ်မန်ကို ကင်း လွတ်ခွင့်ပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီက ခါရှော့ခ်ဂျီကို သတ်ခဲ့သည့် အမှုအတွက် ဆော်ဒီအိမ်ရှေ့စံတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် ဇနီးလောင်းဖြစ်သူက စွဲချက်တင်ခဲ့ရာ ယခုကဲ့သို့ ပယ်ချလိုက်ခြင်း ဖြစ်သည်။

ဘင်ဆယ်လ်မန်သည် မကြာသေးမီက ဆော်ဒီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသဖြင့်  နိုင်ငံခြားအစိုးရ၏ အကြီးအကဲတစ်ဦးအနေဖြင့် ကင်းလွတ်ခွင့် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

“ဆော်ဒီအာရေဗျနိုင်ငံရဲ့ ဝန်ကြီးချုပ် မိုဟာမက် ဘင် ဆယ်လ်မန်ဟာ အစိုးရ အကြီးအကဲ တစ်ယောက်အ‌နေဖြင့် တာဝန်ယူဆောင်ရွက်နေရတဲ့အတွက် အထက်ပါ ဖော်ပြအချက်အရ အမှုမှ ကွင်းလုံးကျွတ် လွတ်ကင်းပါတယ်” ဟု တရားသူကြီးက ပြောခဲ့သည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က အမေရိကန် အစိုးရသည် အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍  လွန်စွာရှက်ရွံ့သင့်ကြောင်းနှင့် ထိုဖြစ်ရပ်သည် ကိုယ့်နိုင်ငံသားအပေါ် လုံးဝ သစ္စာဖောက်ခြင်းသာ ဖြစ်ကြောင်း ပြောလာခဲ့သည်။

“ဘိုင်ဒင် ကိုယ်တိုင်က သူ့စကားကို သစ္စာဖောက်ပြီး ဂျမဲလ်ကို သစ္စာဖောက်ခဲ့ပါတယ်၊ ဒီမှားယွင်းတဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းမှာ တစ်သက်တာ စွဲထင်ကျန်နေမှာပါ” ဟု ခါရှော့ခ်ဂျီ ဇနီးလောင်း ဟာသီဂျေး ဂျန်းဂစ်က စီအင်န်အင်န် သတင်းဌာနသို့ ပြောခဲ့သည်။

Source: CNN

Photo credit-getty images


LEAVE A REPLY

Please enter your comment!
Please enter your name here