၂၆လမ်းထိပ် “သစ္စာ”ကုန်မာနှင့်အိမ်အလှဆင်ပစ္စည်းဆိုင်ပိုင်ရှင်အားဓါးဖြင့်ထိုးပြီး‌ ငွေများလုယက်ယူဆောင်သွားသူ ၃ ဦးကိုဖမ်းမိ

0
460

ရန်ကုန်တိုင်း၊ပန်းဘဲတန်းမြို့နယ်၊အမှတ်(၁)ရပ် ကွက်၊ကုန်သည်လမ်းနှင့် ၂၆ လမ်းထိပ်၊ အမှတ် (၇၁၈/၇၂၀)ရှိ “သစ္စာ”ကုန်မာနှင့်အိမ်အလှဆင်ပ စ္စည်းဆိုင်ပိုင်ရှင်နှင့်မိတ်ဆွေဖြစ်သူတို့အား နိုဝင် ဘာ ၂ ရက်ည ၆ နာရီ ၃၈ မိနစ်ခန့်က ဓားဖြင့်ထိုး ၍ ငွေကျပ်သိန်း ၂၈၀၊ ကားနှင့် i Phone ၂ လုံးတို့အား လုယက်ယူဆောင်သွားသူ ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွက် ပန်းဘဲတန်းမြို့မရဲစခန်းက (ပ)၆၈/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်၍ လုံခြုံရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စုံစမ်းစစ်ဆေးခဲ့ရာမှ ပြစ်မှုကျူလွန်သူများအနက် ၁ ဦးမှာ ယင်းဆိုင်တွင် ယာဉ်မောင်းအဖြစ်လုပ်ကိုင်ခဲ့ ဖူးသည့် သီဟအောင် ဖြစ်ကြောင်းဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူ ၃ ဦးလုယက်ယူဆောင်သွားသည့် Toyota Allion (ခဲရောင်)ကားအား နို ဝင်ဘာ ၃ ရက်နံနက် ၁၁ နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရန်ကင်းကလေးဆေးရုံအနီး ကန်ဘဲ့လမ်းမပေါ်၌ ပြန်လည်တွေ့ရှိခဲ့သည်။

ထို့အတူ ပြစ်မှုကျူးလွန်ခဲ့သည့် သီဟအောင်(ခ) ဝက်ပိန်(၂၉)နှစ်အား နိုဝင်ဘာ ၁၈ ရက်နေ့လည် ၃ နာရီ ၅၅ မိနစ်၌ လှိုင်သာယာ(အနောက်ပိုင်း)မြို့ နယ်၊ဒဂုံဧရာအဝေးပြေးကားဝင်းတွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးချက်အရ ပြစ်မှုကျူး လွန်ရာတွင်ပါဝင်သည့် မျိုးဇော်ထွန်း(၃၁) နှစ်၊ဘိုဘို(ခ)မြင့်ထွေး(၂၅)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်၌ ပြစ်မှုကျူးလွန်သူ ၃ ဦးအား ငွေစက္ကူ ရောရာ ၆၄၀ဝ၀ဝ ကျပ်၊ ဖုန်းမျိုးစုံ ၄ လုံး၊ ရွှေလက်စွပ် ၂ ကွင်း၊ရွှေနားကပ်တစ်ရံ၊ နာရီတစ်လုံး၊ ပိုက်ဆံအိတ်တစ်လုံး၊ လုယက်မှုကျူးလွန်စဉ် ဘိုဘို(ခ)မြင့်ထွေး ဝတ်ဆင်ခဲ့သည့် ပလေကပ်ပုဆိုးတစ်ထည်နှင့်နက်ပြာရောင်တီရှပ်လက်တိုတစ်ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ပုံတို့အား ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၃ ဦးအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here