မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Ye Min Aung Money Changer အားဓားပြတိုက်ခဲ့သူ ၃ ဦးကိုဖမ်းမိ

0
390

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ဖို့မြေရပ်ကွက်၊သိမ်ဖြူလမ်း၊အမှတ်(၅၀၀)မြေညီထပ်ရှိ Ye Min Aung Money Changer အား နိုဝင်ဘာ ၁၂ ရက်ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဓားပြတိုက်ခဲ့သူ ၃ ဦးကိုဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားသည့်နေ့က အမျိုးသား ၃ ဦးသည် Ye Min Aung Money Changer သို့ဝင်ရောက်လာပြီးနောက် အမျိုးသား ၂ ဦးက သေနတ်၊အမျိုး သားတစ်ဦးက ဓားမြှောင်တစ်လက်တို့ဖြင့်ခြိမ်း ခြောက်၍ ငွေကျပ်သိန်း ၃၀၀ ခန့်နှင့် I phone တစ်လုံးအား လုယက်ယူဆောင်သွားခဲ့ကြသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များ၏ စစ် ဆေးချက်အရ တရားခံ ၄ ဦးကပူးပေါင်းကျူး လွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရပြီး အခင်းဖြစ်နေရာ၌ လုယက်သူများကျန်ခဲ့သည့် ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ်တစ်ခု၊ 9mm ကျည် ၉ တောင့်နှင့်ကျည်ခွံတစ်ခုတို့အား သိမ်း ဆည်းရမိခဲ့၍ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ)၃၅၂/၂၀၂၂၊ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့်အ မှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်ရာတွင် ကားမောင်းပေးသူ အောင်ပိုင်ဦး(ခ)ပိုင်ပိုင်(၁၉)နှစ်အား နိုဝင် ဘာ ၁၈ ရက်နံနက် ၈ နာရီ ၄၅ မိနစ်တွင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ မြယာကုန်းမီးပွိုင့်၌ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ များဖြစ်သည့် အောင်ရဲနိုင်(ခ)အရှည်ကြီး(၂၄)နှစ် ၊မင်းဟိန်း(ခ)ဂျပု(၂၄)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဥ်အား ဦးဆောင်ကျူးလွန်သည့် ဝေကြီး(ခ)ဝေဖြိုးအောင် အားဖမ်းဆီးရမိရေးအ တွက် လုံခြုံရေးအဖွဲ့ဝင်များကဆက်လက်ဆောင် ရွက်လျက်ရှိသည်။

ပြစ်မှုကျူးလွန်သူ ၃ ဦးအား ငွေစက္ကူရောရာ ၄၅ သိန်းကျပ်၊ ဖုန်းမျိုးစုံ ၃ လုံး၊ ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ 9mm ကျည် ၉ တောင့်ကျည်ခွံတစ်ခုပြစ်မှုကျူးလွန်စဉ် အောင်ပိုင်ဦး (ခ)ပိုင်ပိုင် ဝတ်ဆင်ခဲ့သည့် အနက်ရောင်တီရှပ် အင်္ကျီလက်တိုတစ်ထည်နှင့်အဖြူရောင်ဘောင်း ဘီရှည်တစ်ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိသူ ၃ ဦးအား ဥပဒေအရထိရောက်စွာအရေးယူရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here