သာကေတမြို့နယ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် လူသတ်အ နုကြမ်းစီးမှု ဖြစ်ပွား ၊ ဆိုင်ရှင်အား ဓားဖြင့်ထိုးကာ ရွှေနှင့် ငွေများယူဆောင်သွား

0
414

ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်၊ (၄) တောင်ရပ်ရှိ ကုန် စုံဆိုင်တစ်ခုတွင် လူသတ်အနုကြမ်းစီးမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်အား ဓားဖြင့်ထိုးကာ ရွှေနှင့် ငွေများ ယူဆော င်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ (၂၁) ရက် နံနက်အစောပိုင်းက သာကေတမြို့နယ်၊ (၄) တောင်ရပ်ကွက် ၊ အောင်မေတ္တာလမ်းရှိ ချောရတနာ ကုန်စုံဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၆၀) ဝန်းကျင်ရှိ ဆိုင်ရှင်အမျိုးသမီးမှာ ဓားဖြင့် ထိုးခံရသည့် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

” (၇) နာရီလောက်က ဖြစ်တာ။ ဆိုင်ရှင် ဒေါ်ချောချောက တော့ ဆုံးသွားတယ်။ ဆေးရုံပို့တာ မမီဘူးပြောတယ်။ ဆိုင်ကယ်နဲ့ရောက်လာကြတာ။ မိသားစုဝင်တွေဆီက ရွှေထည်နဲ့ ငွေတွေ ယူသွားတယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ယနေ့ နံနက် (၇) နာရီဝန်းကျင်တွင် ဆိုင်ရှင်ဒေါ်ချောချောနှင့် မိသားစုဝင်အချို့ ဆိုင်အတွင်းရှိနေစဉ် အမည်မသိ အမျိုးသားများ ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိလာကာ ရွှေထည်ပစ္စည်းများတောင်ယူခဲ့ပြီး ဆိုင်အတွင်းရှိ က ငွေများကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဆိုင်ရှင် ဒေါ်ချောချောအား ဓားဖြင့် ထိုးခဲ့သည့်အတွက် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် အဆိုပါ ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းလည်း သိရသည်။

ဆိုင်ရှင်ဖြစ်သူအမျိုးသမီးကိုလည်း ဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့ကြပြီး အခင်းဖြစ်စဉ်အား ရပ်ကွက်နေသူများကသိရှိခဲ့သဖြင့် လုံခြုံ ရေးအဖွဲ့ဝင်များထံ ဆက်သွယ်အကြောင်းကြားခဲ့ကြသည်။

အဲဒီဆိုင်က အိမ်နဲ့ဆိုင်တွဲဖွင့်ထားတာ အိမ်ဆိုင်ပေါ့ လတ်တလောသိထားတာကတော့ ဓားပြခြိမ်းခြောက်ပြီး လုယက်တယ် နောက် ဆိုင်ရှင်အမျိုးသမီးကိုလည်း ဓားနဲ့ထိုးသွားတယ် နေရာစုံကိုတော့သိသိချင်းစစ်ဆေးတာတွေလုပ်နေကြတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ရန်ကုန်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ လူစည်ကားရာ နေရာများတွင် ယခုတလော လူသတ် အနုကြမ်းစီး ၊ ဓါးပြ တိုက်သည့် ဖြစ်စဉ်များ တစ်လအတွင်း အနည်းဆုံး (၄) ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here