အင်ဒိုတွင်ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၀ သေဆုံးပြီး ၃၀၀ ခန့်ဒဏ်ရာရ

0
309

အင်ဒိုနီးရှားနိုင်ငံဂျာဗားကျွန်း၌ တနင်္လာနေ့တွင်လှုပ်ခတ်ခဲ့သည့်မြေငလျင်ကြောင့် လူ ၂၀ နီးပါးသေဆုံးပြီး ၃၀၀ ထက်မနည်းဒဏ်ရာရရှိသွားသည်ဟု အာဏာပိုင်များထံမှသိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တော်တွင် တနင်္လာနေ့က ပြင်းအား ရစ်ခ်တာ ၅ ဒသမ ၆ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသအေဂျင်စီကပြောကြားခဲ့သည်။ဂျာကာတာအရှေ့တောင်ဘက်သည် ငလျင်၏ဗဟိုချက်ဖြစ်သည်ဟုလည်းသိရှိရသည်။

ငလျင်လှုပ်ခဲ့သော်လည်း ဆူနာမီဖြစ်နိုင်ချေမရှိကြောင်း မိုးလေဝသအေဂျင်စီကပြောကြားခဲ့သည်။ငလျင်လှုပ်မှုကြောင့် အချို့သူများအားဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားရသည်ဟုဆိုသည်။

လက်ရှိအချိန်တွင်အာဏာပိုင်များသည် ငလျင်ကြောင့်ပျက်စီးသည့်အတိုင်းအတာကို စစ်ဆေးနေကြကြောင်းဖော်ပြထားသည်။အမေရိကန်ဘူမိဗေဒစစ်တမ်းတွင်မူ ယခုငလျင်သည် ပြင်းအား ၅ ဒသမ ၄ ရစ်ခ်တာစကေးရှိသည်ဟုဖော်ပြထားသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here