ယနေ့စတင်ဖွင့်လှစ်သည့် နေပြည်တော်နည်းပညာတက္ကသိုလ်၌ ကျောင်းသား၊ကျောင်းသူများတက်ရောက်ပညာသင်ကြားလျက်ရှိ

0
241

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊နေပြည်တော်ရှိ နေပြည်တော်နည်းပညာတက္ကသိုလ်၏ (၂၀၂၂-၂၀၂၃)ပညာ သင်နှစ် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်(ယနေ့)တွင် စတင်ဖွင့်လှစ်သင် ကြားခဲ့သည်။

ထိုသို့ ဖွင့်လှစ်သင်ကြားရာ တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများ၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဒု-ညွှန် ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြသည်။

သင်ကြားသင်ယူမှုအထောက်အကူပြုစနစ် (Learning Management System – LMS)ကို အ သုံးပြုကာ ထိထိရောက်ရောက်သင်ကြားသင်ယူနေသည့် သင်ခန်းစာများ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ Language Lab ၊ ကွန် ပျူတာခန်းများ၊ခေတ်မီစာကြည့်တိုက်နှင့် e-Library တို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နေပြည်တော်နည်းပညာတက္ကသိုလ်တွင် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာ့ဘာသာရပ်၊ ဗိသုကာဘာသာရပ်များအား သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းနှစ်များအား နှစ်စဥ်တိုးချဲ့၍ မဟာဘွဲ့သင်တန်းများ၊ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ် ၃၄ ခုနှင့်ကွန်ပျူတာတက္ကသိုလ် ၂၇ ခုတို့အား နိုဝင်ဘာ ၂၁ ရက်(ယနေ့)မှစ၍ တပြိုင်နက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here