မြန်မာနိုင်ငံ၏ တစ်ခုတည်းသောတက္ကသိုလ်ဖြစ်သည့် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ

0
382

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်(၁၆)ခုအနက် တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံ ၏ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည့် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)အား နိုဝင်ဘာ ၂၁ ရက်(ယနေ့)တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ထို့ပြင် မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုလည်း ယနေ့၌ပင်ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများတက်ရောက်သော (၁၁/၂၀၂၂) ပထမနှစ်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားခဲ့သည်။

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၌ ပထမနှစ်တွင် ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်များနည်းတူ ဝိဇ္ဇာ၊သိပ္ပံဘာသာရပ်များကို သင်ကြားပေးပြီး တိုင်းရင်းဆေးပညာရပ်၏ သမိုင်းကြောင်းများ၊ တိုင်းရင်းဆေး၏အရေးပါသည့် ဆေးဘက်ဝင် အပင်များနှင့်ပတ်သက်သည့်ဆေးဝါးဗေဒပညာ ရပ်များကို သင်ကြားပေးလျက်ရှိသည်။

ထို့ပြင် တိုင်းရင်းဆေးနှင့်ပတ်သတ်သည့် ကျမ်းများကိုလေ့လာရာ၌ လွယ်ကူစေရန် ပါဠိသက္ကတ ဘာသာရပ်ကိုလည်း ထည့်သွင်းသင်ကြားပေးလျက်ရှိသည်။

ဒုတိယနှစ်တွင် တိုင်းရင်းဆေးပညာရပ်အား အ နည်းငယ်ထည့်သွင်းသင်ကြားပေးကာ တတိယနှစ်နှင့်စတုတ္ထနှစ်တွင် တိုင်းရင်းဆေးဘာသာရပ်များအား အထူးပြုသင်ကြားပေးလျက်ရှိသည်။

တိုင်းရင်းဆေးပညာဘာသာရပ်အား စာတွေ့လက်တွေ့(၄)နှစ်နှင့်အလုပ်သင်(၁)နှစ်(စုစုပေါင်း ၅ နှစ်)ပြီးပါက Bachelor Of Myanmar Traditional Medicine (BMTM)ဘွဲ့ချီးမြှင့်လျက်ရှိသည်။

ကျောင်းပြီးဆုံး၍ တိုင်းရင်းဆေးဆရာမှတ်ပုံတင်လက်မှတ်ရပါက ဆေးရုံ၊ဆေးခန်းဖွင့်ခြင်း၊ ဆေး ဝါးထုတ်လုပ်ရောင်းချခြင်း၊ဆေးဝါးဆိုင်ရာ လုပ် ငန်းများ၌ သွားရောက်လုပ်ကိုင်နိုင်ခြင်း၊ နိုင်ငံ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခြင်းအခွင့်အလမ်းများရရှိမည်ဖြစ်သည်။ 


LEAVE A REPLY

Please enter your comment!
Please enter your name here