ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချနိုင်ရန် တရုတ်ဘက်မှပူးပေါင်းစေလိုကြောင်း ကန်အထူးကိုယ်စားလှယ်တိုက်တွန်း

0
148

ရှမ်အယ်လ်ရှိတ်ခ်၊နိုဝင်ဘာ 21

အီဂျစ် COP27 ၌ တရုတ်ကိုယ်စားလှယ်နှင့်တွေ့ဆုံပြီးနောက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးကိုအတူတကွအရှိန်မြှင့်ရန် အမေရိကန်ရာသီဥတုဆိုင်ရာကိုယ်စားလှယ် ဂျွန်ကယ်ရီက ပေကျင်းအားနိုဝင်ဘာ ၂၀ ရက်က တောင်းဆိုခဲ့ကြောင်းသိရှိရသည်။

အင်ဒို၌ကျင်းပသည့် G – 20 ထိပ်သီးအစည်းအဝေးအပြီး သမ္မတရှီနှင့်ကန်သမ္မတို့တွေ့ဆုံပြီးနောက် ကန်ရာသီဥတုဆိုင်ရာအထူးကိုယ်စားလှယ် ဂျွန်ကယ်ရီနှင့် တရုတ်ကိုယ်စားလှယ်ရှီကျန့်ဟွာတို့ COP 27 ၌ဆုံတွေ့ခဲ့ကြခြင်းဖြစ်သည်။

ကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ထိုင်ဝမ်ခရီးစဉ်ကြောင့် တင်းမာမှုများဖြစ်ပေါ်လာကာ ရာသီဥတုဆိုင်ရာဆွေးနွေးပွဲများကို တရုတ်ဘက်မှရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာမှုအား တိုက်ဖျက်ခြင်းနှင့်ရာသီဥတုပြောင်းလဲမှုအားထိန်းချုပ်ခြင်းတို့အတွက် အင်အားကြီးနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျသည်ဟုလည်းဆိုသည်။

ထို့ကြောင့်ပင် တရုတ်နှင့်အမေရိကတို့လက်တွဲကာ ရာသီဥတုအရေးဖြေရှင်းရန်လိုအပ်ခြင်းဖြစ်ပြီး ထိုလုပ်ဆောင်မှုသည် မိမိကိုယ်ကျိုးအတွက်ထက် နောင်မျိုးဆက်များအတွက်ပါဖြစ်သည် ဟုလည်း မစ္စတာ ကယ်ရီကပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here