မန်ယူမှ ရော်နယ်ဒို ထွက်ခွာပြီဖြစ်ကြောင်း ကလပ်အသင်း ကြေညာ

0
171

ခရစ်တီယာနို ရော်နယ်ဒိုသည် မန်ယူနိုက်တက် အသင်းနှင့် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုကာ အသင်းမှ ထွက်ခွာနေပြီဖြစ်ကြောင်း ကလပ်အသင်းက ကြေညာခဲ့သည်။

ရော်နယ်ဒိုသည် ပီရာစ့် မော်ဂန်၏ အင်တာဗျုးအတွင်း မန်ယူနိုက်တက် အသင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန် စွပ်စွဲခဲ့ပြီးနောက် ယခုကဲ့သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ယူနိုက်တက်သည် ရော်နယ်ဒိုအား စာချုပ်ဖောက်ဖျက်မှုဖြင့် အရေးယူရန်အတွက် ရှေ့နေများ ခန့်အပ်ခဲ့သော်လည်း အသင်းမှ ထွက်ခွာသွားရန်သာ ဦးစားပေး စီစဉ်ခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက် အင်္ဂါနေ့တွင် ထိုထွက်ခွာမှုကို အတည်ပြုခဲ့သည်။

” ခရစ်စတီယာနို ရော်နယ်ဒို ဟာ နှစ်ဖက် သဘောတူညီချက်အရ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာသွားပါပြီ၊ အိုးလ်ထရက်ဖို့ဒ်မှာ နှစ်ကြိမ်တိုင်တိုင် ကစားပေးခဲ့တဲ့အတွက် ကလပ်အသင်းက သူ့ကို ကျေးဇူးတင်ပါတယ်” ဟု မန်ယူနိုက်အသင်းက ပြောကြားခဲ့သည်။

source:The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here