ယူကရိန်းကိုကူညီရန်အတွက် ကမ္ဘောဒီးယားကမိုင်းပညာရှင်သုံးဦးစေလွှတ်မည်

0
315

ယူကရိန်း၌ မိုင်းရှင်းလင်းရေးတာဝန်များ ကိုဆောင်ရွက်ရန်အတွက် ကမ္ဘောဒီးယားမိုင်းလှုပ်ရှားရေးအဖွဲ့မှ မိုင်းပညာရှင်အရာရှိသုံးဦးအား ယူကရိန်းသို့စေလွှတ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်ကပြောကြားခဲ့သည်။

အမျိုးသားညီလာခံပိတ်ပွဲနေ့အခမ်းအနား၌ ဝန်ကြီးချုပ် ၏ပြောကြားချက်အရ ယခုမစ်ရှင်ကိုဂျပန်နိုင်ငံ၏ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ယခုမစ်ရှင်၏ရည်ရွယ်ချက်မှာ မြေမြှုပ်မိုင်းအန္တရာယ်နှင့်ပေါက်ကွဲစေတတ်သောပစ္စည်းများ ကြွင်းကျန်နေမှုကို လျှော့ချရန်ရည်ရွယ်သည်ဟုသိရှိရသည်။ယခုသွားမည့် အရာရှိသုံးဦးသည် မိုင်းအန္တရာယ်ရှင်းလင်းရေးနှင့်ပတ်သက်၍ ယူကရိန်းအားကူညီမည်ဖြစ်ကြောင်းသိရှိရသည်။

၂၀၀၆ ခုနှစ်မှစ၍ မိုင်းရှင်းလင်းရေးလုပ်ဆောင်မှုတွင် ဆယ်စုနှစ်သုံးစု နီးပါး အတွေ့အကြုံရှိသော ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏မိုင်းတွင်းလုပ်ဆောင်ချက်များအား မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသောမိုင်းလက်ကျန်များ၏ အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် နိုင်ငံအများအပြားအားကူညီရန်အတွက် တပ်ဖွဲ့ဝင်များကိုမျှဝေလျက်ရှိကြောင်းသိရှိရသည်။

၎င်းအပြင်ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် မြေမြှုပ်မိုင်းနှင့်မပေါက်ကွဲသေးသောမိုင်းလက်ကျန်များ၏ သားကောင်များအဖြစ်နေထိုင်နေရသူများအား ထောက်ပံ့ကူညီရန်အတွက်လည်း မူဝါဒများနှင့်အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

Source : Khmer times


LEAVE A REPLY

Please enter your comment!
Please enter your name here