တိုက်ချင်းပစ်ဒုံးအသစ်ဖြင့် မြောက်ကိုရီးယားက ပိုမိုခြိမ်းခြောက်လာ

0
395

နိုဝင်ဘာ ၁၈ ရက်ကပစ်လွှတ်လိုက်သော မြောက်ကိုရီးယား၏တိုက်ချင်းပစ်ဒုံးကျည်အသစ်သည် ဂျပန်မြောက်ပိုင်းရှိဟော့ကိုင်းဒိုးကျွန်းအနောက်ဘက်မှ သီးသန့်စီးပွားရေးဇုန်သို့ကျရောက်ခဲ့ကြောင်းသိရှိရသည်။

အမေရိကန်၊ဂျပန်နှင့်တောင်ကိုရီးယားတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာသည်နှင့်အမျှ မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများလဲအကြိမ်ရေစိပ်လာကာ ဒေသတွင်းခြိိမ်းခြောက်မှုများလည်းတိုးမြင့်လာသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း တိုက်ချင်းပစ်ဒုံးအမျိုးအစား ဒုံးကျည်ပစ်လွှတ်မှုများကိုပြုလုပ်ခဲ့ပြီး ယခုနှစ်အတွင်း ခုနစ်ကြိမ်ခန့်ရှိပြီဖြစ်ကြောင်းသိရှိရသည်။ယခုတစ်ကြိမ်အပါအဝင် မတ်လ ၂၄ ရက်နေ့ကလည်း ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်သို့ တစ်ကြိမ်ကျရောက်ခဲ့ဖူးသေးကြောင်းသိရှိရသည်။

ယခုကဲ့သို့သောလုပ်ရပ်များသည် အရှေ့အာရှတွင်တင်းမာမှုများကိုမြင့်တက်စေပြီး လေယာဉ်များနှင့်သင်္ဘောများ၏ ဘေးကင်းရေးကိုပါခြိမ်းခြောက်နေသဖြင့် သည်းမခံနိုင်ဖွယ်ရာဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများသည် အမေရိက၊ဂျပန်နှင့်တောင်ကိုရီးယားတို့၏ ထိပ်သီးဆွေးနွေးမှုအပေါ် တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟုလည်းယူဆကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် အမေရိကအနေဖြင့် ဂျပန်နှင့်တောင်ကိုရီးယားတို့ ကိုကာကွယ်ပေးသွားမည်ကိုအဓိကထားပြောကြားခဲ့ပြီး မြောက်ကိုရီးယားကလည်း အမေရိက၏ နျူဖိအားပေးမှုတိုးလာလေလေ စစ်ရေးအရပြင်းထန်မှုအရှိန်မြင့်လာလေလေဖြစ်မည်ဟုတုံ့ပြန်ခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here