ဂါနာသည် လောင်စာဆီအား ဒေါ်လာအစား ရွှေဖြင့် ဝယ်ယူရန် စီစဉ်နေ

0
175

ဂါနာအစိုးရသည် ရေနံထွက်ကုန်များအား အမေရိကန် ဒေါ်လာဖြင့် မဟုတ်ဘဲ ရွှေဖြင့် ဝယ်ယူနိုင်ရန်အတွက် မူဝါဒအသစ် ရေးဆွဲနေကြောင်း ဒုတိယသမ္မတ မဟာမူဒူ ဘာဝူမီယာ က နိုဝင်ဘာလ ၂၄ ရက် ကြာသပတေးနေ့တွင် ဖေ့ဘွတ်ခ်ပေါ်၌ ပြောကြားခဲ့သည်။

အဆိုပါ လှုပ်ရှားမှုသည် ရေနံလုပ်ငန်းရှင်များ၏ ဒေါ်လာ ဝယ်လိုအားနှင့် နိုင်ငံခြား အရန်ဘဏ္ဍာငွေများ လျော့နည်းခြင်းကြောင့် ဖြစ်ပေါ်လာသော ပြည်တွင်းသုံး ငွေကြွေး တန်ဖိုး ကျဆင်းခြင်းနှင့် လူသုံးကုန်စရိတ်များ တိုးမြင့်လာြခင်းတို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“မူဝါဒအသစ်ကို စီစဉ်ထားတဲ့အတိုင်း ၂၀၂၃ ခုနှစ်ရဲ့ ပထမသုံးလပတ်မှာ အကောင်အထည် ဖော်နိုင်မယ်ဆိုရင်ကျွန်တော်တို့ ပေးချေရမယ့် ကြွေးကျန်ငွေ တန်ဖိုးဟာ အခြေခံအားဖြင့် ပြောင်းလဲသွားမှာ ဖြစ်သလို ပြည်တွင်းသုံး ငွေကြေးတန်ဖိုးတွေ ဆက်ကျဆင်းနေတာကိုလည်း သိသိသာသာ လျှော့ချပေးမှာ ဖြစ်ပါတယ်ဟု ဘာဝူမီယာ ကဆိုသည်။

ရွှေကို အသုံးပြုလိုက်ခြင်းဖြင့် ပြည်တွင်းလုပ်ငန်းရှင်များသည် ရေနံထွက်ကုန်များ တင်သွင်းရန်အတွက် နိုင်ငံခြားငွေများ လဲလှယ်ရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ငွေလဲနှုန်း ပြောင်းလဲခြင်းသည်လည်း လောင်စာဆီ သို့မဟုတ် ဝန်ဆောင်လုပ်ငန်းများအတွက် ကုန်ကျသည့် အသုံးစရိတ်အပေါ် တိုက်ရိုက် အကျိုးသက်ရောက်တော့မည် မဟုတ်ကြောင်း ဘာဝူမီယာ က ရှင်းပြခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here