လေယာဉ်မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်ခြင်းအား ကော့သောင်းလေဆိပ်တွင်ပြုလုပ်

0
400

တနင်္သာရီတိုင်း၊ကော့သောင်းမြို့ရှိ ကော့သောင်းလေဆိပ်တွင် နိုဝင်ဘာ ၂၅ ရက်(ယနေ့)နံနက်ပိုင်းက လေယာဉ်မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ် ဆယ်ရေးလေ့ကျင့်ခြင်းအား ပြုလုပ်ခဲ့ကြသည်။

မီးသတ်ဦးစီးဌာန၏ညွှန်ကြားချက်များနှင့်အညီ ခရိုင်နှင့်မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော် မတီ၏ကြီးကြပ်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လေ ဆိပ်မီးသတ်တပ်ဖွဲ့ဝင်များ၊လေကြောင်းရဲတပ်ဖွဲ့ဝင်များ၊လေဆိပ်ဝန်ထမ်းများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ဘက်စုံသုံးယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီး၊လူနာတင် ယာဉ် ၂ စီးနှင့်ကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများအသုံးပြု၍လည်း လေ့ကျင့်ခဲ့ကြသည်။

လေယာဉ်ဖြင့်ခရီးသွားလာရာတွင် လေယာဉ်နှင့်ခရီးသည်များ မမျှော်မှန်းနိုင်သည့် မတော်တဆအရေးပေါ်အခြေအနေနှင့်မီးဘေးအန္တရာယ်များ ကြုံတွေ့ချိန်တွင် ပျက်စီးဆုံးရှူံးမှုနှင့်ခရီးသွားများအသက်အန္တရာယ်ဖြစ်ပွားလေ့ရှိ၍ ထိခိုက်ဆုံးရှူံးမှုနည်းပါးစေရန်၊ ထိရောက်လျင်မြန်စွာမီးငြိမ်းသတ်မှု၊အသက်အန္တရာယ်ကြုံတွေ့နေသူများအား ဆောလျင်စွာအချိန်နှင့်တစ်ပြေးညီကယ်ဆယ်နိုင်ရန်နှင့်အခြားလိုအပ်ချက်များကိုကူညီပေးနိုင်ရန် ရည်ရွယ်လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်များ မတော်တဆအရေးပေါ်အခြေ အ နေကြုံတွေ့ချိန်၌ ထိခိုက်ဒဏ်ရာရသူများအား အ လျင်အမြန်ကယ်ဆယ်၍ ဘေးလွတ်ရာသို့ရွေ့ပြောင်းပို့ဆောင်ပေးခြင်း၊ဒဏ်ရာရသူများအား ရှေးဦးပြုစုခြင်းနှင့်လူနာတင်ယာဉ်ဖြင့်ဆေးရုံသို့ ပို့ဆောင်ခြင်း၊မီးလောင်ကျွမ်းသည့်နေရာများအား အမြုပ်ဆေးရည်များဖြင့်ပက်ဖျန်းငြှိမ်းသတ်ခြင်းလေ့ကျင့်မှုများအား ပြုလုပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here