ပခုက္ကူတွင် ညပိုင်းဆိုင်ကယ်မစီးရန်နှင့် နေ့ခင်းပိုင်းတွင် တစ်ဦးတည်းသာ စီးနင်းရန် အမိန့်ထုတ်

0
254

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ညပိုင်းအ ချိန်များတွင် ဆိုင်ကယ်စီးနင်းခြင်း မပြုရန်နှင့် နေ့ခင်းပို င်းအချိနိများတွင် ဆိုင်ကယ် စီးနင်းပါက တစ်ဦးတည်းသာ စီးနင်းကြရန် မြို့နယ်အုပ်ချုပ်‌ရေးဦးစီးဌာနက အ မိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ အမိန့်အား ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာ နမှ ယ‌မန်နေ့ နိုဝင်ဘာ (၂၄) ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြ စ်ကြောင်း သိရသည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်အရ ညနေ (၆) နာရီမှ နောက်တစ်နေ့ နံနက် (၈) နာရီ ပခုက္ကူမြို့နယ်အတွင်း ဆိုင်ကယ် စီးနင်းခြင်း မပြုရန်နှင့် နံနက် (၈) နာရီမှ ညနေ (၆) နာရီအတွင်း ဆိုင်ကယ် မောင်းနှင်သူ တစ်ဦးတည်းသာ စီးနင်းကြရန် ညွှန်ကြားထားကြောင်းသိရသည်။

ယင်းသို့ အမိန့်ထုတ်ပြန်ရခြင်းမှာ အပြစ်မဲ့ပြည်သူများ၊နိုင်ငံဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ဆောင်သူများအား သတ်ဖြတ်ခြင်း ၊ ဌာနဆိုင်ရာ အဆောက်အ ဦးများအား လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်း ၊ လု ယက်ခြင်း ၊ ပြန်ပေးဆွဲခြင်းတို့ကို မော်တော်ဆိုင်ကယ်အ သုံးပြု၍ ဆောင်ရွက်မှုများကြောင့် ယခုလို ကန့်သတ်တားမြစ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အဆိုပါ ကန့်သတချက်အမိန့်သည် နိုဝင်ဘာ (၂၄) ရက်မှ ရက်ပေါင်း (၆၀) အတွင် အာဏာသက်ရောက်ပြီး လိုက် နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင်လည်း မော်တော်ဆိုင်ကယ်ခွင့်ကို လုံးဝတား မြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here