ကမ္ဘောဒီးယားငရုတ်ကောင်းနှင့်ရေထွက်ပစ္စည်းများအား တရုတ်သို့တင်ပို့မည်

0
207

ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ငရုတ်ကောင်းနှင့်သဘာဝရေထွက်ကုန်များကို တရုတ်ဈေးကွက်သို့တိုက်ရိုက်တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက နိုဝင်ဘာ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အကောက်ခွန်ဌာနမှ ကမ္ဘောဒီးယားထုတ်ကုန်နှစ်ခုအတွက် ဓာတုဆေးဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက်၍ သီးခြားကြေငြာချက်များထုတ်ပြန်ပြီးနောက် တိုက်ရိုက်တင်ပို့မှုကိုစတင်နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံမှ ငရုတ်ကောင်းနှင့်သဘာဝရေထွက်ကုန်များအား တရုတ်နိုင်ငံသို့တင်ပို့မည့် ပို့ကုန်လုပ်ထုံးလုပ်နည်းများအားလုံးကို မကြာမီအပြီးသတ်တော့မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်ပထမနှစ်ဝက်အထိ အမေရိကန်ဒေါ်လာ ၁,၉၄၂ သန်းတန်ဖိုးရှိသည့် စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၂ ဒသမ ၄ သန်းကျော်အား တရုတ်နိုင်ငံဈေးကွက်သို့တင်ပို့ခဲ့သည်။

ကမ္ဘောဒီးယားမှတရုတ်နိုင်ငံသို့အဓိကတင်ပို့သည့် လယ်ယာထွက်ကုန်ပစ္စည်းများမှာ ငှက်ပျော၊ဆန်၊ပီလောပီနံခြောက်၊ပီလောပီနံမှုန့်၊ရော်ဘာစေး၊သရက်သီး၊သရက်ယို၊သီဟိုဠ်စေ့နှင့်ကိုကိုးမှုန့်များဖြစ်သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here