အက်ဒမန်ပင်လယ်ပြင်မှတစ်ဆင့် ပြည်ပသို့သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်များအား မြိတ်မြို့တွင်ဖမ်းမိ

0
228

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊လယ်ကယ်ကျေးရွာအနီးတွင် နိုဝင်ဘာ ၉ ရက်ညပိုင်းက မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက သ တင်းအရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ည ၁၀ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူး ပေါင်းအဖွဲ့သည် မြိတ်မြို့နယ်တွင် အိုက်စ်များ အား ပင်လယ်ပြင်သို့ သယ်ဆောင်မည့်အဖွဲ့ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်ရှာ ဖွေစစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် မြိတ်မြို့နယ်၊လယ်ကယ်ကျေး ရွာအနီးတွင် အိုငယ်(ခ)ခင်ကျော်နိုင် အား FUSO ၆ ဘီးကား၊ Toyota Celsior ကားတို့နှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရာ FUSO ၆ ဘီးကားပေါ်မှ ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(၁ တန်)အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ အိုက်စ်များသယ်ဆောင်ရာ တွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ဘောမ်ထန်(ခ)ဘောမ်ဆောင်၊ ရှရွယ်(ခ)အလာ၊ ဘောမ်ဇုန်း၊ ဇော်တွယ်၊ လွမ်းဟူ၊ သန့်ဇင်နှင့်၎င်း၏ဇနီးဖြစ်သူ မအေးမြတ်စန္ဒာထွန်း၊ စောအောင်၊ သီဟ၊ သန့်ဇင်ဦး၊ မြင့်ဇော်ဦး၊ အိုက်စ်များအား တာဝန်ခံသယ်ဆောင်သူ ဇော်ဂျီ(ခ)အားချင်း တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

အိုက်စ်များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှတန င်္သာရီတိုင်း၊မြိတ်မြို့နယ်သို့သယ်ဆောင်ပြီးနောက် အက်ဒမန်ပင်လယ်ပြင်ရေကြောင်းအသုံး ပြု၍ ပြည်ပသို့ဆက်လက်သယ်ဆောင်မည် ဖြစ် ကြောင်းဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၁၃ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here