အကြမ်းဖက်အုပ်စုနှင့်အကြမ်းဖက်သမားများကို ဘင်္ဂလားဒေ့ရှ်နယ်မြေတွင် လုံးဝအခြေပြုခိုအောင်းခွင့်ပြုမည်မဟုတ်ဘဲ တားဆီးနှိမ်နင်းရေးကို မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့်ပိုမိုပူး ပေါင်းတိုက်ဖျက်သွားမည်

0
285

နစက အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်တွေ့ဆုံစဥ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြား ရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc)က ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ် သည်။

ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc)က နိုဝင်ဘာ ၂၅ ရက်နံနက် ၁၀ နာရီခွဲက လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ် သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံ ရေးနှင့်တရားဥပဒေစိုးမိုးရေး၊အကြမ်းဖက်မှုတိုက်ဖျက်ရေး၊တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေမှုများတားဆီးနှိမ်နင်းရေး၊နယ်မြေသ တင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီဖလှယ်ခြင်းတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc)က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများကို ဘင်္ဂလားဒေ့ရှ်နယ်မြေတွင်လုံးဝအခြေပြုခိုအောင်းခွင့်ပြုမည်မဟုတ်ဘဲ တားဆီးနှိမ်နင်းရေးကို မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပိုမိုပူးပေါင်းဆောင်ရွက်တိုက်ဖျက်သွားမည်ဟု ပြောသည်။

ထို့ပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအ တွက် နယ်နိမိတ်မျဉ်းတစ်လျှောက် နှစ်ဖက်ညှိနှိုင်း ကင်းလှည့်ခြင်း၊ချစ်ကြည်ရင်းနှီးမှု ပိုမိုကောင်းမွန်အောင် အပြန်အလှန်နားလည်ယုံကြည်မှုများ တည်ဆောက်ခြင်းတို့ကို ပိုမိုမြှင့်တင်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ ဒု-ဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဒု- ဝန်ကြီး ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်၊ အမြဲတမ်း အတွင်းဝန်ဦးခိုင်ထွန်းဦးနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here