ယူကရိန်း အိမ်ထောင်စု ၆ သန်း လျှပ်စစ်ဓာတ်မရှိပဲ ဆောင်းတွင်းကို ဖြတ်သန်းနေရဟု ဇယ်လန်းစကီးဆို၊ ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အမေရိကန်က တိုက်တွန်းဖွယ်ရှိ

0
122

ယူကရိန်းအိမ်ထောင်စု ခြောက်သန်းသည် ယခုဆောင်းရာသီကို လျှပ်စစ်ဓာတ်မရရှိပဲ ဖြတ်သန်းနေရကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောသည်။

“ယနေ့ညနေပိုင်းအထိ ဒေသအများစုနှင့် Kyiv တို့တွင် မီးပျက်မှုများ ဆက်လက်ဖြစ်ပေါ်နေပါသည်” ဟု ဇယ်လန်းစကီက ၎င်း၏ ညစဉ် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် လျှပ်စစ်မီးပြတ်တောက်နေသည့် အိမ်ထောင်စုအရေအတွက်မှာမူ ထက်ဝက်မျှလျော့ကျသွားခဲ့ကြောင်း သူကပြောသည်။ ဆောင်းရာသီရောက်လာသည်နှင့်အမျှ သန်းပေါင်းများစွာသောလူများသည် အလင်းရောင်၊ ရေ သို့မဟုတ် အပူဓာတ် လိုအပ်နေကြောင်းကိုလည်း သူကထည့်သွင်းပြောကြားသည်။

ဗီဒီယိုမိန့်ခွန်းတွင် သမ္မတ ဇယ်လန်းစကီးက မြို့တော်နှင့် ၎င်း၏အနီးတစ်ဝိုက်ဒေသသည် တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုအဆိုးရွားဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြို့တော်တွင်နေထိုင်သူအများအပြားသည် နာရီ ၂၀အထိ သို့မဟုတ် ၃၀ အထိပင် လျှပ်စစ်မီးဆက်တိုက် ပြတ်တောက်ခဲ့သည်ဟုပြောကြားခဲ့သည်။

ထို့အတွက် ကုလသမဂ္ဂနှင့် မဟာမိတ်နိုင်ငံများက ကူညီပေးကြစေလိုကြောင်းကိုလည်း သူကဆိုသည်။

သို့ရာတွင် ယူကရိန်းတို့ အောင်ပွဲအတွက် အနောက်နိုင်ငံများ၏ ထောက်ခံမှုသည် အမေရိကန်၏ လက်နက်ထောက်ပံ့မှုလျော့နည်းလာခြင်းနှင့် ဥရောပတွင် ဆောင်းရာသီ စွမ်းအင်လိုအပ်ချက်များအကြားတွင် ယိမ်းယိုင်နေသည်။

အမေရိကန်ကလည်း ယူကရိန်းအနေဖြင့် မိမိ၏ နယ်မြေပိုင်နက်ရရှိထားမှုများကို အသုံးချ၍ ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန်အတွက် ယူကရိန်းကိုတိုက်တွန်းရန် ကြိုးစားဖွယ်ရှိကြောင်း နိုင်ငံတကာ လေ့လာသူတို့က ဆိုကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here