လေဖိအားနည်းဆဲလ်အရှိန်ကြောင့် ရန်ကုန်တိုင်းတွင် ယနေ့ မိုးရွာသွန်းခဲ့ပြီး လာမည့်နှစ်ရက်အ တွင်း၌လည်း မိုးရွာသွန်းနိုင်ဟု မိုးလဇခန့်မှန်း

0
236

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၂၆ ရက်(ယနေ့)ညနေ ၄ နာရီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊ ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေသည်ဟု မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ယနေ့တွင် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး လာမည့် နှစ်ရက်အတွင်း ရန်ကုန်တိုင်း၊နေပြည်တော်၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်းနှင့်ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြားမိုးရွာသွန်းနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

ထို့ပြင် ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်းနှင့် ကယားပြည်နယ်၊မန္တလေး၊မကွေးတိုင်း၊ရှမ်းပြည် နယ်(မြောက်ပိုင်း)နှင့်ရခိုင်ပြည်နယ်တို့တွင်လည်း မိုးရွာသွန်းနိုင်ကြောင်း မိုးဇလ၏ခန့်မှမ်းချက်အရ သိရသည်။

ထို့အတူ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊မွန်-တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်နာရီလျှင် မိုင်(၃၀)မှ(၃၅) မိုင်အထိ မိုးသက်လေပြင်းတိုက်ခတ်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here