ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီမှ လုပ်ငန်း ၇ ခုကိုခွင့်ပြုပေးခဲ့

0
279

ရန်ကုန်တိုင်းအတွင်း၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့်နိုင်ငံခြားသားရင်းနှီးမြှုပ် နှံလုပ်ငန်း ၆ ခု(စုစုပေါင်း ၇ ခု)အား ခွင့်ပြုပေးခဲ့သည်ဟု နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းက ပြုလုပ်သည့် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၂ )အစည်းအဝေးမှ သိရသည်။

ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုက ဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆ ခုတို့အား အတည်ပြုပေးခဲ့သည်ဟု ရန်ကုန်တိုင်းရင်းနှီးမြှုပ် နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းကပြောကြားခဲ့သည်။

CMP စနစ်ဖြင့် အဝတ်အထည်၊ခြေအိတ်၊ဖိနပ်အ မျိုးမျိုးချုပ်လုပ်ခြင်း၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်းလုပ်ငန်း၊ Manufacture of Structural Metal Products (Such as Steel Structure, Color Steel Tile)လုပ်ငန်းတို့အား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ် သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် မတည်ရင်းနှီးငွေ မြန်မာငွေကျပ် ၁၆၃၃ ဒသမ ၄၀၅ သန်းနှင့်အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၄၈ သန်းဖြစ်ကာ ယင်း လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အ လမ်း ၂၈၈၅ ခုဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အစည်းအဝေး၌ ရန်ကုန်တိုင်းအတွင်းရှိ ကုမ္ပဏီ ၁၆ ခုမှ တင်ပြလာသည့်အချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here