မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့တွင် ယနေ့နံနက်ပိုင်းက တစ်ချိန်တည်းဖြင့် ကလေးငယ် ၉ ဦးအပါအဝင် အများအပြားခွေးရူးကိုက်ခံရ

0
421

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ဇင်းကျိုက်မြို့တွင် နိုဝင်ဘာ ၂၇ ရက်(ယနေ့)နံနက်ပိုင်းက တစ်ချိန်တည်းဖြင့် ကလေးငယ် ၉ ဦးအပါအဝင် အများအပြားခွေးရူးကိုက်ခံခဲ့ရသည်။

ယနေ့နံနက် ၉ နာရီခန့်က ဖလပ်ရပ်ကွက်ရှိ လမ်းပေါ်၌ရှိနေသည့် ကလေးငယ်များအား ခွေးရူးတစ်ကောင်က ကိုက်သွားပြီးနောက် ဖလပ်စျေးအနီးတွင်လည်း ၃ ဦးခန့်အား ထပ်မံကိုက်သွားပြီးနောက် ခလောက်အင်းရပ်ကွက်ဘက်သို့ ထွက် ပြေးသွားခဲ့ သိရသည်။

ထို့ကြောင့် ခွေးရူးကိုက်ခံရသည့် ကလေးငယ် ၉ ဦးအား ပေါင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကာ ခွေးရူးပြန်ရောဂါ ကာ ကွယ်ဆေးများထိုးပေးခဲ့ရကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိသည့် ခွေးရူးကိုက်ခံရသူများအား ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးရန် တာ ဝန်ရှိသူများက လိုက်လံရှာဖွေခေါ်ယူလျက်ရှိကာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကုန်သွားသဖြင့် မော်လမြိုင်မြို့သို့ဆက်သွယ်မှာယူခဲ့ကြသည်။

ကလေးများငယ်များအပါအဝင် လူအများအပြားအားကိုက်၍ ထွက်ပြေးသွားသည့်ခွေးရူးအား ခ လောက်အင်းရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်အနီးလမ်းကြား၌ တွေ့ရှိခဲ့ရသဖြင့် ဇင်းကျိုက်ရဲစခန်းမှတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ရှင်းလင်းပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here