ကျိုင်းတုံတွင် အမျိုးသား ၂ ဦးမောင်းနှင်လာသည့် ကိုယ်ပိုင်ကားပေါ်မှ စိတ်ကြွဆေးပြား ၂ သိန်းကျော်ဖမ်းမိ

0
239

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်၊ဝမ်လင်ကျေးရွာအနီးရှိ ကျိုင်းတုံ-လွယ်မွေသွားကားလမ်းတွင် နိုဝင်ဘာ ၂၅ ရက်ညပိုင်းကဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၆ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ ၀မ်လင်ကျေးရွာအနီးရှိ ကျိုင်းတုံ-လွယ်မွေသွားကားလမ်းတွင် ဒေးဗစ်(၃၅)နှစ် မောင်းကာ မောရှေ (၂၆)နှစ်လိုက်လာသည့် ကားအားစစ်ဆေးခဲ့ကြသည်။

ကားပေါ်မှ ၎င်းတို့နှစ်ဦးအတူတကွသယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၂၀၈၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအား ကျိုင်းတုံမြို့ မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here