တာလေမြို့တွင် ကားချင်းရှောင်ရာမှအရှိန်မထိန်းနိုင်ဘဲ ကိုယ်ပိုင်ကားချောင်းထဲထိုးကျ

0
413

ရှမ်းပြည်နယ်၊တာချီလိတ်ခရိုင်၊တာလေမြို့၊နားယောင်းကျေးရွာအုပ်စု၊ကျတားကျေးရွာအနီးတွင် နိုဝင်ဘာ ၂၈ ရက်(ယနေ့)မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လောကပါလ လူမှုကူညီရေးအသင်း(တာလေမြို့)မှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီခန့်က တာချီလိတ်မြို့ဘက်မှမိုင်းဖြတ်မြို့သို့ အမျိုးသားတစ်ဦးမောင်းကာ အမျိုးသမီးတစ်ဦးလိုက်ပါလာသည့် Honda Fit ကားသည် ကျတားကျေးရွာအနီးအရောက် ကားချင်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ တာလေနမ့်လင်းချောင်းအတွင်းသို့ ထိုးကျသွားခဲ့သည်။

“ဖုန်းသတင်းရလို့သွားပြီးကူညီပေးခဲ့ပါတယ် ကားကချောင်းရေထဲအထိတော့ကျမသွားဘူး ကားပေါ်ပါလာတဲ့ ၂ ယောက်ကတော့ ဒဏ်ရာနည်းနည်းပါးပါးရသွားတယ်”ဟု လောကပါလ လူမှုကူညီရေးအသင်း(တာလေမြို့)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်၌ ကားပေါ်တွင်မောင်းနှင်လိုက်ပါလာသည့် အမျိုးသားနှင့်အမျိုးသမီးတို့တွင် ထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် တာလေမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“နှစ်ယောက်လုံးမှာ ပြင်းပြင်းထန်ထန်ထိခိုက်မိတာမရှိပါဘူး ပွန်းပဲ့ဒဏ်ရာလောက်ပါပဲ ကားမောင်းတဲ့လူကတော့ခြေထောက်နာနေတယ်ပြောတယ်”ဟု လောကပါလ လူမှုကူညီရေးအသင်း (တာလေမြို့)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Photo-လောကပါလ လူမှုကူညီရေးအသင်း(တာလေမြို့)


LEAVE A REPLY

Please enter your comment!
Please enter your name here