တရုတ်နိုင်ငံရှိ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အမေရိကက ထောက်ခံ

0
316

`ဝါရှင်တန်၊ နိုဝင်ဘာ ၂၉

တရုတ်နိုင်ငံတွင် ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ကို အမေရိကက ထောက်ခံပါကြောင်း အိမ်ဖြူတော်က နိုဝင်ဘာလ ၂၈ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

သို့ရာတွင် အိမ်ဖြူတော်သည် တရုတ်မြို့ကြီး အတော်များများတွင် ပြည်သူများက ကိုဗစ်ဆိုင်ရာ စီမံချက်များအပေါ် ဆန့်ကျင် ဆန္ဒပြနေသောကြောင့် ပေကျင်းအစိုးရကိုဝေဖန်မှုများ ကိုမူ မပြုလုပ်ခဲ့ပေ။

တရုတ်နိုင်ငံအနှံ့တွင် စနေ၊ တနင်္ဂနွေ အားလပ်ရက်များက ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် တရုတ်ရဲများသည် ရှန်ဟိုင်းနှင့် ပေကျင်းမြို့ရှိ ဆန္ဒပြရာ နေရာများတွင် တနင်္လာနေ့မှစ၍ လုံခြုံရေး တင်းကျပ်လာခဲ့သည်။

“အမေရိကနဲ့ ကမ္ဘာတစ်ဝန်းမှာ လူတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ရှိတယ်လို့ ကျွန်တော်တို့ ပြောခဲ့တာ ကြာပါပြီ။ ဒီထဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံလည်း ပါဝင်ပါတယ်” ဟု အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ (NSC) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ် လုံးဝပပျောက်ရေး ဗျူဟာဖြင့် ကိုဗစ်အား ထိန်းချုပ်ရန် ကြိုးစားနေခြင်းမှာ တရုတ်နိုင်ငံအတွက် အလွန်ပင် ခက်ခဲလာလိမ့်မည်ဟု ထင်မြင်မိကြောင်း NSC က ပြောခဲ့သည်။

ဆန္ဒပြသူများက ရှီအား ရာထူးမှ ဆင်းပေးရန် တောင်းဆိုနေသည့်အပေါ် ဘိုင်ဒင်၏ ထင်မြင်ချက်ကို မေးမြန်းကြည့်ရာ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခါဘီက ဆန္ဒပြသူများသည် သူတို့၏ ဆန္ဒကို ကိုယ်တိုင်ထုတ်ဖော်နေသည့်အတွက် သမ္မတကိုယ်တိုင် ပြောကြားရန် မလိုအပ်ကြောင်း ပြောခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here