တရုတ်နှင့် ဗြိတိန်ကြားရှိ ရွှေရောင်ခေတ် ဆက်ဆံရေး အဆုံးသတ်သွားပြီဟုဝန်ကြီးချုပ် ဆူနက်ခ်ဆို

0
193

တရုတ်နိုင်ငံသည် ဗြိတိန်၏ စံနှင့် အကျိုးစီးပွားများအတွက် ဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်က ပြောကြားခဲ့သည်။

သူ၏ ပထမဆုံး နိုင်ငံခြားရေးမူဝါဒမိန့်ခွန်းတွင် ဆူနက်ခ်က နှစ်နိုင်ငံကြား ကုန်သွယ်ခြင်းဖြင့် လူမှုရေးနှင့် နိုင်ငံရေးတွင် ပြောင်းလဲမှုများ အလိုအလျောက် ဖြစ်လာမည်ဟူသော နုံအသည့် အယူအဆများ ကြောင့် ၎င်းတို့ကြားရှိ “ရွှေရောင်ခေတ်” ဟုခေါ်သော ဆက်ဆံရေး အကောင်းမွန်ဆုံး ခေတ်ကာလများမှာ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ပြောခဲ့သည်။

အကျိုးဆက်အနေဖြင့် တရုတ်နိုင်ငံသို့ ချဉ်းကပ်ရမည့် ပုံစံအား ပြောင်းလဲရန် လိုအပ်ကြောင်းနှင့် ပေကျင်းသည် တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် ဩဇာလွှမ်းမိုးနိုင်ရန်အတွက် ရှိသမျှ နိုင်ငံတော်အာဏာ အားလုံးကို အသုံးပြုကာ ယှဉ်ပြိုင်နေကြောင်း ဆူနက်ခ်က လန်ဒန်မြို့ မြို့တော်ဝန်ပွဲ ၌ မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆူနက်ခ်၏ အစိုးရသည် ဘီဘီစီ သတင်းထောက်တစ်ဦးက ရှန်ဟိုင်းရှိ ဆန္ဒပြပွဲများ၌ သတင်းယူနေစဉ် ရိုက်နှက်ခံခဲ့ရသည့်အတွက် ပေကျင်းအစိုးရအား ရှုတ်ချခဲ့သည်။

သူ၏ အစိုးရသည် အင်ဒို-ပစိဖိတ်ဒေသရှိ မဟာမိတ်များနှင့် ကုန်သွယ်ရေး၊ လုံခြုံရေး ကဏ္ဍများတွင် ဆက်ဆံရေး ပိုမိုနက်ရှိုင်း ခိုင်မာလာအောင် ဦးစားပေး ဆောင်ရွက်သွားမည်ဟု ဆူနက်ခ်က ပြောလာသည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here