ဒုံးပျံများမကုန်မချင်း ရုရှားက အပစ်ရပ်မည်မဟုတ်ဟု ဇယ်လန်းစကီးဆို

0
251

ရုရှားတို့သည် သူတို့၏ ဒုံးပျံများမကုန်မချင်း ယူကရိန်းနိုင်ငံအား လေကြောင်းမှ တိုက်ခိုက်မှုကို ရပ်တန့်လိမ့်မည်မဟုတ်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက သူ၏ ပြည်သူများအား သတိပေးပြောကြားလိုက်သည်။

ယမန်နေ့ညက ပြောကြားသော ဗီဒီယိုမိန့်ခွန်းတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရုရှားတို့သည် ယခု သီတင်းပတ်အတွင်း တိုက်ခိုက်မှုအသစ်များကို စီစဉ်နေသည်ဟု မိမိတို့ နားလည်ထားရမည်ဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် ယခင်သီတင်းပတ်ကကဲ့သို့သော တိုက်ခိုက်မှုများထက်ပင် ပိုမိုမျှော်လင့်ထားကာ အန္တရာယ်များကို သတိဖြင့် ရှောင်ရှားကြရန်လိုအပ်ကြောင်းကိုလည်း သူက ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားတို့သည် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတို့ကို အောက်တိုဘာလ အစောပိုင်းကတည်းက စတင်၍ ဒုံးပျံများဖြင့် အပတ်စဉ်တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here