စစ်ဘေးရှောင်နေရသည့် ကရင်ပြည်နယ်မှဒေသခံများ ၎င်းတို့၏နေရပ်များသို့ပြန်လည်ဝင်ရောက် လာခဲ့ကြ

0
239

လက်နက်ကိုင်အဖွဲ့ဝင်များ၏ ဝင်ရောက်တပ်စွဲဖျက်ဆီးမှုတို့ကြောင့် စစ်ဘေးရှောင်နေရသည့် ကရင်ပြည်နယ်မှဒေသခံများ နိုဝင်ဘာ ၂၈ ရက်မှစတင်၍ ၎င်းတို့၏နေရပ်များသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ကရင်ပြည်နယ်၊ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင်နေ ထိုင်သူများ ပြန်လည်ဝင်ရောက်လာခဲ့ကြခြင်းဖြစ် သည်။

အဆိုပါ နေရာများအား KNU၊ KNLA အဖွဲ့ဝင်အ ချို့နှင့် PDF အဖွဲ့ဝင်များက မေလမှစတင်ထိန်း ချုပ်၍ လူနေအိမ်များ၊ဘာသာရေးဆိုင်ရာအ ဆောက်အဦးများ၊စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်လျက်ရှိ၍ ဒေသခံပြည်သူများဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်ခဲ့ပြီး တည်ငြိမ်အေး ချမ်းမှုရှိသဖြင့် တိမ်းရှောင်နေသည့် ပြည်သူများပြန်လည်နေထိုင်နိုင်ရန် ဖုန်း၊အသံချဲ့စက်တို့သုံးကာ မြန်မာဘာသာ၊ကရင်ဘာသာစကားများဖြင့်ပြန်လည်ဖိတ်ခေါ်ခြင်းနှင့်လိုအပ်သည်များကို ညှိ နှိုင်းဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများအနက် နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သေဘောထိုးကျေးရွာနှင့်ဘလက်ဒိုကျေး ရွာများသို့ အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၅၆ ဦး(စုစုပေါင်း ၁၁၉ ဦး)ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများအား တာဝန်ရှိသူ များက နေ့ညမပျက်ပြန်လည်ကြိုဆို၍ စနစ်တ ကျလက်ခံကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here