တရုတ် BYDလျှပ်စစ်ကားများကို မက္ကဆီကို၌လာမည့်နှစ်တွင်စရောင်းမည်

0
247

မက္ကဆီကိုစီးတီး၊နိုဝင်ဘာ ၃၀

တရုတ်နိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သည့် BYD ကုမ္ပဏီသည် ၎င်း၏ကားများကို မက္ကဆီကို၌လာမည့်နှစ်တွင်စတင်ရောင်းချမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အစီးရေသုံးသောင်းအထိ ရောင်းချနိုင်ရန်ခန့်မှန်းထားကြောင်းသိရှိရသည်။

လျှပ်စစ်ကားထုတ်လုပ်ရာ၌ အကြီးဆုံးကုမ္ပဏီဖြစ်သည့် BYD သည် မက္ကဆီကို၌ လာမည့် ၂၀၂၃ ခုနှစ်တွင် အစီးရေတစ်သောင်းခန့်ရောင်းချနိုင်ရန်မျှော်မှန်းထားပြီး ၂၀၂၄ ခုနှစ်တွင် အစီးရေနှစ်သောင်းမှသုံးသောင်းအထိရောင်းချနိုင်ရန်မျှော်မှန်းထားသည်ဟုဆိုသည်။

ကုမ္ပဏီ၏ရေရှည်ရည်မှန်းချက်မှာ ‌ဈေးကွက်၏ ဆယ်ရာခိုင်နှုန်းအထိပါဝင်ပြီး ထိုးဖောက်ရောင်းချနိုင်လိုခြင်းဖြစ်သည်ဟုဆိုသည်။

BYD သည် ၂၀၂၃ နှစ်ကုန်တွင် မက္ကဆီကိုရှိ လိုင်စင်ရအရောင်းကိုယ်စားလှယ် ၁၅ ဦးမှတစ်ဆင့် ကားများကိုရောင်းချရန်နှင့် ၂၀၂၄ ခုနှစ်တွင် ကိုယ်စားလှယ်အယောက် ၃၀ အထိတိုးမြှင့်ရောင်းချရန် ရည်ရွယ်ထားကြောင်းလည်းပြောကြားခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here