တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူကြောင့် ဂျပန်ကားထုတ်လုပ်ငန်းများထိခိုက်

0
241

တိုကျို၊နိုဝင်ဘာ ၃၀

တရုတ်နိုင်ငံ၏ ဆက်လက်ကျင့်သုံးနေဆဲ ကိုဗစ်လုံဝကင်းစင်ရေးမူကြောင့် တရုတ်ရှိဂျပန်ကားထုတ်လုပ်ငန်းများအပေါ်သက်ရောက်မှုရှိနေပြီး ဟွန်ဒါနှင့်တိုယိုတာကဲ့သို့သော စက်ရုံများ၌ပင် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းရနိုင်ခြေရှိသည်အထိ တွန်းအားများဖြစ်စေခဲ့သည်။

ကာလရှည်လော့ခ်ဒေါင်းချပိတ်ဆို့မှုများကြောင့် လုပ်သားများလုပ်ငန်းခွင်မဝင်နိုင်သည့်ပြဿနာအပါအဝင် ရောင်းချမှုပိုင်းများ၌လည်း ကုမ္ပဏီအတွက် အခက်အခဲများဖြစ်စေခဲ့သည်။

တရုတ်ကုမ္ပဏီ Dongfeng နှင့်ဖက်စပ်ထုတ်လုပ်သည့် ဝူဟန်ရှိဟွန်ဒါကားလုပ်ငန်းသည်လည်း တနင်္လာနေ့ကရပ်ဆိုင်းခဲ့ရပြီး ဗုဒ္ဓဟူးနေ့တွင်ပြန်လည်စတင်နိုင်မည်ဟုဆိုသည်။

Guangzhou Automobile Group နှင့် ဖက်စပ်လုပ်ကိုင်သည့် ကွမ်ကျိုးရှိ အခြားဟွန်ဒါမော်တော်ကားစက်ရုံသည်လည်း လည်ပတ်နေဆဲဖြစ်သော်ငြား ထုတ်လုပ်မှုကိုချိန်ညှိနေရဆဲဖြစ်သည်ဟုဆိုသည်။

တိုယိုတာသည်လည်း ကိုဗစ်စည်းမျဉ်းများကြောင့် ထုတ်လုပ်မှုအား ချိန်ညှိနေရသည်ဟုထုတ်ပြန်ထားသည်။ယခုအခြေအနေသည် ထရပ်ကားနှင့်အခြား ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများကိုပါ ထိခိုက်လျက်ရှိသည်။

အစ်ဆူဇူးကုမ္ပဏီသည် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းလိုက်ပြီး မည်သည့်အချိန်ပြန်စမည်ကို အတိအကျမပြောနိုင်ဟုဆိုသည်။ယာမဟမော်တာကုမ္ပဏီသည်လည်း မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုအား တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းလျက် တစ်စိတ်တစ်ပိုင်းလည်ပတ်နေမည်ဟုဆိုသော်လည်း မည်သည့်အချိန်တွင်အပြည့်အဝပြန်ဖွင့်မည်ကို အတိအကျမပြောနိုင်ပေ။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here