လားရှိုးမြို့နယ်တွင် စိတ်ကြွဆေးပြား ၄ သောင်းပြားခန့်နှင့်ထိန်းချုပ်ဓာတုပစ္စည်းများဖမ်းမိ

0
250

ရှမ်းပြည်နယ်၊လားရှိုးမြို့နယ်တွင် နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းနှင့်နေ့လည်ပိုင်းတို့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၁၀ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊အထက်ခါးသျှိကျေးရွာအနီးတွင် ငိုပွဲ(ခ)စိုင်းအောင်(၂၆)နှစ်မောင်းကာ မနန်းနွမ်း(၂၅)နှစ်လိုက်လာသည့် TOYOTA 4WD ကားပေါ်မှ စိတ်ကြွဆေးပြား ၃၆၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ နေ့လည် ၁ နာရီတွင်လည်း လားရှိုးမြို့၊ ရပ်ကွက်(၇)၊ဂျာမန်ကျေးရွာနေ အောင်မင်းခိုင် (၂၇)နှစ်နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အောင်လင်း(ခ)အားဖျင်(၂၇)နှစ်အားတွေ့ရှိခဲ့ရပြီး ခြံဝင်းအတွင်းရပ်ထားသည့် NISSAN ကားပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း SODIUM ACETATE အလေးချိန်(၅၂၅၀ ကီလို) အား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here