ကိုဗစ်ရန်ပုံငွေမှ မွေးမြူရေးကဏ္ဍအတွက်ထုတ်ချေးထားတဲ့ ချေးငွေပြန်ဆပ်ကာလ ၁နှစ်ထပ်မံတိုးမြှင့်

0
294

ကိုဗစ် ၁၉ရန်ပုံငွေကနေ မွေးမြူရေးကဏ္ဍကိုထုတ်ပေးထားတဲ့ ချေးငွေရဲ့ပြန်ဆပ်ရမယ့်ကာလကို တစ်နှစ်ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ကိုဗစ် ၁၉ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီက နိုဝင်ဘာ ၃၀ရက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယခုကဲ့သို့ ချေးငွေများပြန်လည်ပေးဆပ်ရမည့် ကာလအား တစ်နှစ်ထပ်မံတိုးမြှင့်ပေးရန် နစကက လမ်းညွန်ခဲ့ခြင်းဖြစ်ပြီး အခုအခါ ကိုဗစ် ၁၉ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများထပ်မံရှိနေသည့်အတွက် စီးပွားရေးလုပ်ငန်းများငွေကြေးလည်ပတ်မှုပြန်လည်အဆင်ပြေချောမွေ့စေရေးရန် ချေငွေပြန်ဆပ်ရမည့်ကာလကို တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချေးငွေပြန်ဆပ်ရမည့်ကာလကိုမူ ပြန်ဆပ်ရမည့်ကာလရောက်သည့်နေ့မှ တစ်နှစ်ထပ်မံတိုးမြှင့်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

သို့သော်အတိုးများကိုမူ ကာလပြည့်စေ့ရောက်သည့်နေ့တွင်ပေးရမည်ဖြစ်ပြီး ချေးငွေကို ရည်ရွယ်ချက်အတိုင်းထိရောက်အောင်မြင်လျှက်ရှိသည့် ကုမ္ပဏီ၊လုပ်ငန်းဖြစ်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ချေးငွေ အရင်း၊အတိုးပြန်ဆပ်ရန်ပျက်ကွက်ပါက  ချေးငွေသဘောတူသာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံး၊ လုပ်နည်းနှင့်အညီတရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား​သည်။

အဆိုပါကိုဗစ် ၁၉ရံပုံငွေကနေ မွေးမြူရေးကဏ္ဍကိုထုတ်ပေးထားတဲ့ ချေးငွေများကို ကိုဗစ် ၁၉ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီက စီးပွားရေးထိခိုက်မှုများ ပြန်လည်ကုစားနိုင်ရေးအတွက် နိုင်ငံပိုင် ငါး၊ပုဇွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍက ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများကို ချေးငွေသက်တမ်း တစ်နှစ်၊အတိုးနှုန်း ၁ရာခိုင်နှုန်းနဲ့၂၀၂၁ခုနှစ်၊နိုဝင်ဘာ ၁၆ရက်က ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာစီးပွားရေးဘဏ်က ၂၀၂၂ခုနှစ်၊အောက်တို ဘာ ၃၁ရက်အထိ ကုမ္ပဏီ၊လုပ်ငန်းစုစုပေါင်း ၃၂၅ခု၊ချေးငွေပမာဏ ကျပ် ၇.၆ဘီလီယံကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here