ဂျပန်၊ စပိန်၊ မော်ရိုကို နဲ့ ခရိုအေးရှားတို့ အုပ်စုအဆင့်အောင်မြင်

0
210

ကမ္ဘာ့ဖလား အုပ်စု (E) နဲ့ အုပ်စု (F) အသင်းတွေဖြစ်တဲ့ ဂျပန်၊ စပိန်၊ မော်ရိုကို နဲ့ ခရိုအေးရှားတို့အုပ်စုအဆင့်အောင်မြင်ပြီး (၁၆) သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

အုပ်စု (E) မှာ ဂျပန်က စပိန်အသင်းကို အနိုင်ရခဲ့ပြီး၊ ရမှတ် (၆) မှတ်နဲ့ အုပ်စုပထမ၊ အုပ်စု ဒုတိယနေရာအတွက် စပိန်နဲ့ ဂျာမနီတို့ ရမှတ် (၄) မှတ်တူညီခဲ့ပေမယ့် ဂိုးကွာခြားချက်နဲ့ စပိန်အသင်းက နောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။

အုပ်စု (F) မှာ မော်ရိုကို အသင်းက ရမှတ် (၇) မှတ် နဲ့ အုပ်စု ပထမ၊ ခရိုအေးရှားက ရမှတ် (၅) မှတ်နဲ့ အုပ်စု ဒုတိယ ရရှိခဲ့ပါတယ်။

နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဂျာမနီနဲ့ ဘယ်လ်ဂျီယံတို့ကတော့ အုပ်စုအဆင့်ကနေသာ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

ဂျပန်အသင်းဟာ အုပ်စုပွဲစဉ်တွေမှာ အင်အားကြီး အသင်းတွေဖြစ်တဲ့ စပိန်နဲ့ ဂျာမနီကို အနိုင်ရခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား (၁၆) သင်းရှုံးထွက်အဆင့်ကို ဒုတိယတက်ရောက်လာနိုင်တဲ့ အာရှကိုယ်စားပြုအသင်းလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ  နယ်သာလန်၊ ဆီနီဂေါ၊ အင်္ဂလန်၊ USA၊ အာဂျင်တီးနား၊ ပိုလန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ဂျပန်၊ စပိန်၊ မော်ရိုကို နဲ့ ခရိုအေးရှားတို့ရှုံးထွက် အဆင့်တက်‌ရောက်သွားပြီဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here