စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ယူကရိန်းသံရုံးတွင် စာအိတ်ဗုံးပေါက်ကွဲသဖြင့် လုံခြုံရေးဝန်ထမ်းတစ်ဦး ဒဏ်ရာမဆိုသလောက်

0
222

စပိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ထံသို့ ပေးပို့သော စာအိတ်ဗုံးတစ်ခု နိုဝင်ဘာ ၃၀ ရက်နေ့က ပေါက်ကွဲသဖြင့် မက်ဒရစ်မြို့ရှိ ယူကရိန်းသံရုံးမှ လုံခြုံရေးဝန်ထမ်းတစ်ဦး ဒဏ်ရာမဆိုသလောက်(မစိုးရိမ်ရ)ရရှိကြောင်း ယင်းသံရုံးမှ ဒီဇင်ဘာ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါစာအိပ်သည် ပုံမှန်စာပို့စနစ်ဖြင့်ရောက်ရှိလာသဖြင့် လုံခြုံရေးဝန်ထမ်းက သံရုံးဥယျာဉ်တွင်းဝယ် ယင်းစာအိတ်ကို ဖွင့်ဖောက်စစ်ဆေးစဉ်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရရှိသူအား ဆေးရုံသို့ပို့ခဲ့သော်လည်း ထိုနေ့ညနေပိုင်းတွင်ပင် ဆေးရုံမှဆင်းခွင့်ရရှိကာ အလုပ်ခွင်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း စပိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် Serhii Pohoreltsevကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here