မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်တိုက်ဖျက်ရေး ကော်မတီ၏ အစည်းအဝေးမှတ်တမ်းအား အတည်ပြုလက်မှတ်ရေးထိုး

0
335

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့အား နေပြည်တော်၌ ဒီဇင် ဘာ ၁ ရက်ကကျင်းပစဥ် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေးမှတ်တမ်းအား မြန်မာ- ရုရှား ပူးတွဲအကြမ်းဖက်တိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌများက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ များဖြစ်သည့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်ရုရှားတပ်မတော်၊စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း)ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။

ရုရှားတပ်မတော်မှ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့်အတူ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here