ဖွဲ့စည်းပုံနှင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင်လုပ်ဆောင်မှုများမှ ကာကွယ်နေခြင်းသည် သမိုင်းပေးတာဝန်ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

0
361

နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်အရေးကြီးတဲ့
ပါတီစုံဒီမိုကရေစီစနစ်ကို ယိုင်းယိုင်ပျက်စီးအောင် လုပ် ဆောင်မှုများကို ကာကွယ်ခြင်းသည် သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခြင်းသာဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဒီဇင်ဘာ (၂) ရက် နံနက်ပိုင်းက ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) သင်တန်း ဆင်းပွဲ မိန့်ခွန်းတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာတဲ့ အပြုအမူမှန်သမျှကိုဥပဒေ နဲ့အညီ ကာကွယ်တားဆီးခြင်းဟာ သမိုင်းပေးတာဝန်ထ မ်းဆောင်ခြင်းသာ ဖြစ်တယ် ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ပါတီစုံ ဒီမိုကရေစီစနစ် စတင်ခဲ့သည့် ၂၀၁၀ နောက်ပိုင်းတွင် အစိုးရနှင့် တပ်မတော်ကြား သဘောထား မတိုက် ဆိုင်မှုများ ရှိသော်လည်း ဒီမိုကရေစီစနစ်ခိုင်မာရေးအ တွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖန်တီးကာ နိုင်ငံတော် အာဏာကို ရယူရန် အတ င်းအဓမ္မ ကြိုးပမ်းသူများကြောင့် ၎င်းဦးဆောင်သည့် တပ်မတော်က နိုင်ငံတော်အာဏာကို ရယူထိန်းသိမ်း ခဲ့ရကြောင်းလ ည်း အဆိုပါ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသ ည်။

ယင်းသို့ အာဏာရယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။

ထို့အပြင် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် ယခုနှစ်မှ စတင်ကာ ခြေလှမ်းသစ်များဖြင့် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုသည်။

၂၀၂၂ ခုနှစ် ဧပြီလတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီး လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့နှင့် တွေ့ဆုံးဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here