နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ဒို့တာဝန်အ ရေးသုံးပါးအား ဆက်လက်ထိန်းသိမ်းသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

0
228

နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၂ ရက်(ယနေ့)နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊စစ်တက္က သိုလ်စစ်ရေးပြကွင်းတွင်ပြုလုပ်ခဲ့သည့် စစ်တက္က သိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဥ်-၆၄ ၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊တိုင်း ရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးအား အမျိုးသားရေးမူဝါဒအဖြစ် အမြဲဦးထိပ်ပန်ဆင်ကာ နိုင်ငံတော် ကာကွယ်ရေးတာဝန်၊လေ့ကျင့်ရေးတာဝန်၊ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ဆိုသည့် တပ်မတော်၏ အဓိကလုပ်ငန်းတာဝန် ၃ ရပ်အား အစဥ်တစ်စိုက်ထမ်းဆောင်လျက်ရှိသည်ဟု ဆိုသည်။

“တပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုကာကကနေ လက်ရှိအချိန်အထိ ခေတ်အဆက်ဆက် စနစ်အမျိုးမျိုးကိုဖြတ်သန်းခဲ့ပြီး ဒို့တာဝန်အရေးသုံးပါးကို အစဥ်ဦးထိပ်ပန်ဆင်ပြီး အောင်မြင်စွာကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်ဆိုတာကို ဂုဏ်ယူစွာပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

တပ်မတော်အနေဖြင့် စစ်ရေးတွင်သာမက အမျိုးဘာသာ သာသနာ ထုံးတမ်းစဥ်လာ ယဥ်ကျေးမှု မျိုးချစ်စိတ်ဓာတ်များအား အဖျက်ဆီးမခံရစေရန်၊မပျက်စီးစေရန်၊ရေရှည်တည်တံ့ခိုင်မြဲရန် အမျိုးသားရေး နိုင်ငံရေးစိတ်ဓာတ်ဖြင့် ထိန်း သိမ်းကာကွယ်စောင့်ရှောက်လျက်ရှိ​ကြောင်းထည့်သွင်း​ပြောကြားသွားသည်။

“နိုင်ငံတော်မှာ မည်သည့်နိုင်ငံရေးစနစ်၊မည်သည့်အစိုးရက ဦးဆောင်သည်ဖြစ်စေ တပ်မတော်အ နေနဲ့ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ အမျိုးသားရေးမူဝါဒဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ဆက် လက်ထိန်းသိမ်းသွားမှာပါ”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

နိုင်ငံတော်ကာကွယ်ရေးသည် အနိမ့်ဆုံးအဆင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အားကာကွယ်ရန်၊အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးအား ကာကွယ်ရန်ဖြစ်ကာ တပ်မတော်သားများအနေဖြင့် ကိုယ်ပိုင်ဆန္ဒနှင့်အညီ အများအ ကျိုးအတွက် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀(စ)အရ ဒို့တာဝန်အရေးသုံးပါးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိ၍ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်သူအဖြစ် အဆိုပါ တာဝန်များအား ထမ်းဆောင်သွားမည်ဟု ဆိုသည်။

မိမိတို့နိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ရန်၊ဒို့တာဝန်အရေးသုံးပါးအားကာကွယ်စောင့်ရှောက်ရန်၊စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်အား ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟု ဆိုသည်။

“ဒါ့ကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပ ဒေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင်ပြုလုပ်လာတဲ့ အပြုအမူမှန်သမျှကို ဥပဒေနဲ့အညီ ကာကွယ်တားဆီးခြင်းဟာ သမိုင်းပေးတာ ဝန်ထမ်းဆောင်ခြင်းဖြစ်တယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here