နစက အနေဖြင့် နိုင်ငံရေး လုပ်နေခြင်းမဟုတ်ဘဲ တိုင်းပြည်တည်ဆောက်ရေးကို ပုံဖော်နေခြင်းဖြစ်ကြောင်း ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

0
314

ဒီဇင်ဘာလ (၂) ရက် ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) သင်တန်းဆင်းပွဲတွင် တက်ရောက်ပြောကြားသည့် မိန့် ခွန်းတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံရေး လုပ်နေတာမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်တဲ့ တိုင်းပြည်တည်ဆောက်ရေးကို ပုံဖော်နေတာ ဖြစ်တယ်။ တို့အားလုံးဟာ မြန်မာဆိုတဲ့ပုံရိပ်ကို စွဲထင်ကျန်ရစ်အောင် ဆောင်ရွ က်နေတာ ဖြစ်တယ်။ ဒီကတဆင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို စုစည်းညီညွတ်မှု စွမ်းပကားနဲ့ တည်ဆောက်ကြရမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထို့အပြင် အနာဂါတ်တွင် တိုင်းပြည်အား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းကဆို သည်။

ယင်းစနစ်မှာ ပြည်ထောင်စုအတွင်း နေထိုင်သည့် တိုင်းရင်းသား ပြည်သူများက ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စုတဝန်းလုံးမှ တို င်းရင်းသားပြည်သူများ အတူတကွပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး ပြည်နယ်များအလိုက် ပြဌာန်းခွင့်များ ရရှိစေမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

အဆိုပါ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်၏ အခြေခံမှာ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံရွေးကောက်ပွဲများဖြစ်သည့်အတွက် နောင်တွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် နိုင်ငံအနှံ့ ဒေသအသီးအသီးမှ လူထုလူတန်း စားအသီးသီးကို ကိုယ်စားပြုသူများ ဝင်ရောက်ရွေးချယ်နိုင်ရေးနှင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ကျင်းပနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းမအောင်လှိုင် ဦးဆောင်သည့် နစကအစိုးရအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်တွင် ပါတီစုံအထွေ ထွေရွေးကောက်ပွဲကို နိုင်ငံအနှံ့ အကြားအလပ်မရှိ ကျင်း ပကာ အနိုင်ရပါတီအား အာဏာလွှဲအပ်သွားမည်ဖြစ် ကြောင်း ပြည်သူကို ကတိပြုပြောကြားထားသည်။

အဆိုပါ ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်စစ်ဆေးမှုလုပ်ငန်းများကို လဝက ဝန်ကြီးဌာနနှင့် UEC တို့ ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် နစကက ဦးဆောင်လုပ်ဆောင်မည့် ၂၀၂၃ ခုနှစ် အထွေထွေးရွေးကောက်ပွဲအပေါ် ပြည်သူလူထု၏ ယုံကြည်မှု နည်းပါးနေဆဲဖြစ်သည်။

ထို့အပြင် တပ်မတော်အား နိုင်ငံရေးမှ အပြီးတိုင်ထွက်ခွာရန် ၊ ၂၀၀၈ ဖွဲ့စည်းပုံအား ဖျက်သိမ်းရန် ၊ ၂၀၂၀ ရွေး ကောက်ပွဲ ရလာဒ်ကို လက်ခံကာ အရပ်သားအစိုးရအား အာဏာလွဲရန်စသည့် တောင်းဆိုမှုများလည်း ရှိနေဆဲ ဖြစ်သည်။

ယင်းသို့ တောင်းဆိုမှုများရှိနေသော်လည်း တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံဥပဒေပါပြဌာန်းချက်ဖြစ်သည့် အမျိုး သားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က အစဉ်တစိုက်ပါဝင်နေရေးမူနှင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ကာကွယ်စောင့်ရှောက်ရေးမူကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် ဖြစ်စဉ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း ပြန်လည်ချေပပြောထားဆဲဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပ‌ဒေပါ ပြဌာန်းချက်များအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ် ချုပ်မှုကောင်စီ၏ အာဏာရယူထားသည့် သက်တမ်းသည် မကြာမီ လများအတွင်း (၂) နှစ်ပြည့်တော့မည်ဖြစ်ပြီး အရေးပေါ်ကာလ (၂) နှစ်ပြည့်မြောက်ပါက ရွေးကောက် ပွဲကျင်းပကာ အနိုင်ရပါတီထံ အာဏာလွှဲပြောင်း ပေးရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here