ဒေါပုံမြို့နယ်ဘက်ခြမ်းရှိ မဟာဗန္ဓုလတံတားပေါ်တွင် ကား ၅ စီးဆင့်တိုက် ထိခိုက်ဒဏ်ရာရသူမရှိ

0
395

ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ်ဘက်ခြမ်းရှိ မဟာဗန္ဓုလတံတားပေါ်တွင် ဒီဇင်ဘာ ၂ ရက်(ယနေ့)နံနက်ပိုင်းက ကား ၅ စီးဆင့်တိုက်ခဲ့သည်ဟု သစ္စာမဏ္ဌိုင်လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲကျော်ခန့်က ဒေါပုံဘက်ခြမ်းရှိ မဟာဗန္ဓုလတံတားပေါ်တွင် ကွန်တိန်နာကား၊ Hijet ကား၊ Probox ကား၊ Mark II ကားနှင့် Hyundai ကားတို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တံတားအတက်မှာဖြစ်သွားတာပါ မြို့ထဲဘက်အသွားပေါ့ ဘယ်ကားကမှားတာလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူးဗျ ကားတွေကတော့ အနည်းအကျဥ်းပျက်စီးတာတွေရှိတယ် ပျက်စီးမှုများတာကတော့ Mark II ကားပေါ့ လူထိခိုက်မိတာတော့မရှိပါဘူး အတက်လမ်းကြောကတော့ ခနပိတ်သွားတာပေါ့”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်အား ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေး၍ လမ်းပိတ်ဆို့နေမှုအား ရှင်းလင်းရန် ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည့် ကား ၅ စီးအား ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

Photo-သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here