၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆွေးနွေးမှုတွင် အချက်အချို့ သဘောတူညီမှုရရှိခဲ့ဟု နိုင်ငံရေးပါ တီ အစုအဖွဲ့ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းပြော

0
261

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး တွေ့ဆုံဆွေးနွေးမှုတွင် အချက်အချို့ကို သဘောတူညီမှု ရရှိခဲ့ကြောင်း နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါ င်းဆောင် ဦးစိုင်းအိုက်ပေါင်းက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ နိုဝင်ဘာ (၃၀) ရက် နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သ ည်။

ယင်းသို့ တွေ့ဆုံရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပြင်ဆင်လိုသည့်အချက် (၁၁)ချက်နှင့် ပတ်သက်၍ ဆွေး နွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားပြီး (၅)ချက် ဝန်းကျင်ကို သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

” အချက်အလက် အသေးစိတ်တော့ ပြောလို့မရဘူး။ အ ချက် (၁၁) ချက် တင်ပြတယ် ။ သဘောတူညီမှုက သုံးလေးငါးချက်လောက် သဘောတူညီမှုရပါတယ်။ အဲဒီလောက်ပဲ ပြောလို့ရတယ်” ဟု ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူး(စ်) သို့ ပြောသည်။

အဆိုပါ တွေ့ဆုံနွေးနွေးမှုတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့်အချက် (၁၁) ချက်နှင့်ပတ်သ က်၍ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့မှ တစ်ချက်ချင်းအလိုက်အဆိုပြုတင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဆိုပြုတင်ပြချက်များကို ဥက္ကဋ္ဌ ဒု-ဗိုလ် ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက လေ့လာဆန်းစစ်တွေ့ရှိချက်များကို တစ်ချက်ချင်းအ လိုက် အလွတ်သဘော ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုပြုချက်များ၏ သဘောထားများကို ဆွေးနွေးညှိ နှိုင်းကာ ရရှိလာသည့်သဘောထားများအား သဘော ထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြကြောင်းလည်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများကိုတစ်လတစ်ကြိမ်အနေဖြင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့အဖွဲ့ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းထံမှ သိရသည်။

” ဆွေးနွေးမှာပါ။ တစ်လတစ်ကြိမ် ဆွေးနွေးမှာနော် ” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

နိုဝင်ဘာ (၃၀) ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲတွင် နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ ကိုယ်စား လှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here