ဗြိတိန်လွှတ်တော်အမတ်များ ထိုင်ဝမ်သို့ လည်ပတ်ခြင်းသည်ပြင်းထန်သော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရနိုင်ဟု တရုတ်သတိပေး

0
217

တရုတ်နိုင်ငံသည် ဗြိတိန်လွှတ်တော်အမတ်များက ထိုင်ဝမ်ကျွန်းသို့ လာရောက်လည်ပတ်မှုသည် ၎င်း၏ ပြည်တွင်းရေးကို ပြင်းပြင်းထန်ထန် ဝင်ရောက်စွက်ဖက်သည့် လုပ်ရပ်ဟူ၍ စွပ်စွဲကာ ပြင်းထန်သော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်။

ဗြိတိန် ပါလီမန်၏ နိုင်ငံခြားရေး ကော်မတီမှ အဖွဲ့ဝင်များ ထိုင်ဝမ်သို့ လာရောက်ခြင်းမှာ တရုတ်တစ်ပြည်တည်းမူဝါဒ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟူ၍ ဗြိတိန်ရှိ တရုတ်သံရုံးက ဒီဇင်ဘာလ ၁ ရက် ကြာသပတေးနေ့တွင် တွစ်တာပေါ်၌ ရေးသားခဲ့သည်။

“ဗြိတိန်ဘက်ကနေပြီးတော့ တရုတ်ရဲ့ ကတိကဝတ်တွေကို လိုက်နာဖို့၊ တရုတ်တစ်ပြည်တည်း မူဝါဒကို ချိုးဖောက်တဲ့ လုပ်ရပ်မှန်သမျှကို ရပ်တန့်ဖို့နဲ့ တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာကို ရပ်လိုက်ဖို့ တရုတ်ဘက်ကနေ့ တိုက်တွန်းပါတယ်” ဟု သံရုံး၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါ ခရီးစဉ်သည် ထိုင်ဝမ်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံဖြစ်စေလိုသူများကို အထင်မှား‌ စေသည်ဟူ၍လည်း ရေးသားခဲ့သည်။

ဗြိတိန်သည် ဥရောပသမဂ္ဂမှ ထွက်ခွာပြီးကတည်းက ၎င်း၏ စီးပွားရေးနှင့် သံတမန် ရေးရာ ကိစ္စရပ်များကို အင်ဒို-ပစိဖိတ်ဒေသသို့ ဦးစားပေး ပြောင်းရွေ့ရန် ဦးတည်လာခဲ့ခြင်းဖြစ်ပြီး ထိုင်ဝမ်ခရီးစဉ်သည်လည်း ထိုအစီအစဉ်များထဲမှ တစ်ခုဖြစ်သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here