ထိုင်းနိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်နှင့် ရဟန်းအားလုံး စိတ်ကြွဆေးသုံးစွဲမှုကြောင့် သိက္ခာချ

0
539

ထိုင်းနိုင်ငံ အလယ်ပိုင်း ဖက်ချာဘွန် ပြည်နယ် ဘွမ်ဆမ်ဖန် ခရိုင်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် သံဃာတော်များအား စိတ်ကြွဆေးပြား သုံးစွဲခြင်း ရှိ မရှိ ကိုယ်တွင်း စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ကျောင်းထိုင် အပါအဝင် ရဟန်း လေးပါးစလုံး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထိုသို့ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သံဃာတော်အားလုံးကို ရဟန်းအဖြစ် ဖယ်ရှားကာ ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“အခုတော့ ဘုန်းကြီးကျောင်းမှာ သံဃာတော်တစ်ပါးမှ မရှိတော့တဲ့အတွက် အနီးနားက ရွာသူရွာသားတွေက ကုသိုလ်ကောင်းမှုတွေ မလုပ်နိုင်ကြမှာကို စိုးရိမ်နေကြတယ်” ဟု ဒေသခံ အရာရှိ Boonlert Thintapthai က AFP သတင်းဌာန သို့ပြောခဲ့သည်။

သို့ရာတွင် ဒေသခံများ ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ရန်အတွက် အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ သံဃာတော်များ ပိုမိုစေလွှတ်မည်ဟု Boonlert ကဆိုသည်။

အဆိုပါဖြစ်ရပ်သည် ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ပြဿနာများထဲတွင် နောက်ဆုံးပေါ်ဖြစ်သည်။

ထိုင်းအပြင် အခြားသော အရှေ့တောင်အာရှနိုင်ငံများတွင် ပြီးခဲသည့်နှစ်များအတွင်း တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုးမြင့်လာကြောင်း သိရသည်။

Source: AllThatsInteresting


LEAVE A REPLY

Please enter your comment!
Please enter your name here