အဌားကားမောင်းသူကို ဓားဖြင့်ထိုးသတ်ဖြတ်၍ ကားအားလုယက်ယူဆောင်သွားမှု ထောက်ကြန့်တွင်ဖြစ်ပွားခဲ့

0
589

ရန်ကုန်တိုင်း၊ထောက်ကြန့်တွင် ဒီဇင်ဘာ ၁ ရက်ညနေပိုင်းက အဌားကားမောင်းသည့် အသက် (၃၃)နှစ်အရွယ်ရှိ အမျိုးသားအား ဓားဖြင့်ထိုးသတ်ပြီး ကားပေါ်မှပစ်ချ၍ ကားအားလုယက်ယူဆောင်သွားခံခဲ့ရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေ ၄ နာရီကျော်ခန့်က ထောက်ကြန့်အငှားကားဂိတ်သို့ အမည်မသိ အမျိုးသား ၂ ဦး ရောက်ရှိလာကာ လှော်ကားသို့သွားမည်ပြောဆို၍ သေဆုံးသူအမျိုးသားက လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်စဥ် ကားဌားရမ်းသူ ၂ ဦးအားက သေဆုံးသူအမျိုးသားအား ဓားဖြင့်ထိုးသတ်၍ ကားပေါ်မှပစ်ချကာ ကားအားလုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

အဌားကားမောင်းသူ၏ ရုပ်အလောင်းအား လှော်ကားကျောက်ခွဲစက်အကျော်လမ်းဘေးတွင် ဖြတ် သန်းသွားလာသူများကတွေ့ရှိခဲ့ရသဖြင့် သက် ဆိုင်ရာတာဝန်ရှိသူများထံဆက်သွယ်အ ကြောင်းကြားခဲ့ရာ တာဝန်ရှိသူများက သွားရောက်စစ် ဆေးပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဌားကားမောင်းသည့် အမျိုးသားသည် ဓားဖြင့်ထိုးခံရမှုကြောင့် ညာဘက်လည်ပင်းတွင်ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“လတ်တလောကတော့ သူ့ကိုသတ်သွားတဲ့လူတွေကဘယ်သူတွေလဲဆိုတာမသိသေးဘူး တာဝန်ရှိတဲ့လူတွေကတော့ စစ်ဆေးနေကြတယ် အခုက တော့ အလောင်းမြေချဖို့ကိစ္စတွေလုပ်နေပါတယ် ကားလည်းပြန်မတွေ့သေးပါဘူး Taxi မောင်းတဲ့ကောင်လေးက သူ့မိသားစုနဲ့အတူ ထောက်ကြန့်မှာနေတာ”ဟု သေဆုံးသူ၏ မိသားစုဝင်များနှင့်နီး စပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here