စစ်ပွဲအဆုံးသတ်ရေးအတွက် ပူတင်နှင့်တွေ့ဆုံရန် မိမိအသင့်ဖြစ်နေပြီဟု ဘိုင်ဒင်ဆို

0
260

ရုရှား-ယူကရိန်း စစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် မိမိအသင့်ဖြစ်နေပြီဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောကြားလိုက်သည်။

ပြင်သစ်သမ္မတ အီမန်နူယယ်လ်မိုက်ခရွန်နှင့်အတူ သတင်းထောက်များအား မိန့်ခွန်းပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

“တကယ်လို့များ မစ္စတာပူတင်ကသာ စစ်ပွဲကိုအဆုံးသတ်မယ့် နည်းလမ်းတစ်ခုကိုရှာဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ကျွန်တော်က သူနဲ့တွေ့ဖို့အဆင်သင့်ဖြစ်နေပါပြီ”ဟု ဘိုင်ဒင်က ပြောကြားခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအမေရိကန်၏ ကမ်းလှမ်းချက်မှာ ရုရှားက ယူကရိန်းကိုလက်လွှတ်ပြီးမှသာလျှင် စစ်ပွဲအဆုံးသတ်ရေးဖြစ်သဖြင့် ယင်းကိုလက်ခံရန်မဖြစ်နိုင်ကြောင်း ရရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ကဆိုသည်။

ဖေဖေါ်ဝါရီ ၂၄ ရက် စစ်ပွဲများစတင်သည်မှ ယနေ့အထိ ယူကရိန်းတပ်ဖွဲ့ဝင် ၁၀,၀၀၀ နှင့် ၁၃,၀၀၀ ကြား ကျဆုံးခဲ့ကြောင်း ယူကရိန်းနိုင်ငံမှ တာဝန်ရှိသူကပြောသည်။ သို့ရာတွင် အမေရိကန်ဗိုလ်ချုပ်ကြီး Mark Milley ကမူ ယခု စစ်ပွဲအတွင်း ယူကရိန်းနှင့် ရုရှား နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင် ၁သိန်းခန့် သေဆုံးဒဏ်ရာရရှိခဲ့ကြကြောင်း ပြီးခဲ့သည့် လအတွင်းကပြောကြားခဲ့သည်။

Source: BBC


LEAVE A REPLY

Please enter your comment!
Please enter your name here