ရန်ကုန်တွင် မြေကြီးထဲမှ ရေခိုးရေငွေ့များ အငွေ့ပျံမှုကြောင့် မြူဆိုင်းနေသကဲ့သို့ဖြစ်ပွား

0
900

ရန်ကုန်တွင် မြေကြီးထဲမှ ရေခိုးရေငွေ့များ အငွေ့ပျံမှုကြောင့် မြူဆိုင်းနေသကဲ့သိုဖြစ််ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သခန့်မှန်းသူ ဦး၀င်းနိုင်က ယင်း၏ လူမှုကွန်ယက်အကောင့်တွင် အသိပေးလာသည်။

အနောက်တောင်ဘက်က ရွေ့လာသည့်တိမ်တိုက်ကဖုံးနေပြီး အပူချိန်က ၂၇ ဒီဂရီလောက်ကျနေကာ လေထုစိုထိုင်းဆက ၉၀ ရာခိုင်နှုန်းလောက်ဖြစ်နေကြောင်း၊ ဘေးပတ်လည် (အနောက်/အရှေ့နှင့် မြောက်ဘက်)တွင် ဖိအား 1009hPa ရှိနေပြီး မြို့ပေါ်တွင်် 1007 1008 hPa အထိ ကျနေသည်ဟု ဆိုသည်။

ရေပြင်ညီမှာ မြောက်ဘက်က လေတိုက်နှုန်း တစ်နာရီ ၂ မိုင်လောက်ရှိသော်လည်း အမြင့်ပေ ၂၀,၀၀၀ တွင် လေတိုက်နှုန်းက သုံည ဖြစ်ကြောင်း မြေဆီလွှာစိုထိုင်းဆ ၉၃ ရာခိုင်နှုန်းအထိ ရှိနေသေးသောကြောင့် မြေကြီးထဲမှ ရေခိုးရေငွေ့များ အငွေ့ပျံကာ အပေါ်ကိုတက်လာမှုကြောင့် ရန်ကုန်မြို့ထဲက အချို့နေရာများတွင် မြူဆိုင်းနေသလိုဖြစ်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ယနေ့ ရန်ကုန်၏ နေရာအတော်များများတွင် ယနေ့ ညနေ ၃ နာရီအချိန်ခန့်မှစ၍ မြူများဆိုင်းနေသလို ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here