တရုတ်- မြန်မာ ကုန်သည်များ စီးပွား​ ပူး​ပေါင်း​ဆောင်ရွက်​ရေး ဖိုရမ်ကျင်းပ

0
322

တရုတ်-မြန်မာ စီးပွား​ ပူး​ပေါင်း​ဆောင်ရွက်​ရေး ဖိုရမ် ကို ယ​နေ့ ဒီဇင်ဘာ ၂ ရက်​နေ့၌ ရန်ကုန်မြို့ UMFCCI ရုံးချုပ်တွင်ကျင်းပခဲ့ပါသည်။

ထို ဖိုရမ်သို့ ရန်ကုန်တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး မစ္စတာချန်းဟိုင်၊UMFCCI ဥက္ကဌ ဦး​ဇော်မင်းဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ စီးပွား​ရေးသံမူး မစ္စတာ တန်ရူဖူ တို့လည်း တက်​ရောက်ခဲ့ကြသည်။

ဦးစွာ တရုတ်ဖက်က ဗီဒီယိုဖြင့် မြန်မာနိုင်ငံတွင်း လုပ်​ဆောင်​နေမူများ၊သံရုံးနှင့် တရုတ်ကုမ္ပဏီတို့၏ CSRများ၊ဆူးလေဘုရား၊ သဗ္ဗညုဘုရား များအား ဝိုင်းဝန်းမွမ်းမံ​ပေး​နေမူများများပြသပြီးတရုတ်နိုင်ငံအ​နေဖြင့်တိုးတက်အောင်လုပ်​ဆောင်သည့်နေရာ​တွင် မြန်မာကိုမေ့ထားမှာ မဟုတ်​ကြောင်း ထည့်သွင်းပြသခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း က အမှာစကား​ပြောကြားရာတွင် တရုတ်နှင့်မြန်မာကုန်သွယ်မှုက အရေးကြီး​သဖြင့် ကိုဗစ်အပြီး ပိုမိုကုန်သွယ်ရန်၊ပူးပေါင်းဆောင်ရွက်ရန်တို့တိုက်တွန်းခဲ့သည်။
မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမူအများဆုံး ၁၀နိုင်ငံထဲတွင် တရုတ်ပါဝင်ပြီး လုပ်ငန်းပေါင်း၅၂၀ကျော်ရှိ​နေသဖြင့် ဒုတိယအများဆုံးဖြစ်​ကြောင်း၊လျှပ်စစ်ကဏ္ဍမှာအများဆုံးဖြစ်သည်ဟု ဆိုသည်။ခရီးသွားကဏ္ဍမှာပြည်တွင်းဆွဲဆောင်မူများသည့်နေရာများရှိသဖြင့် ပူးပေါင်းစရာကဏ္ဍတွေများပါ​ကြောင်း၊ပြည်တွင်း ကုန်ထုတ်လုပ်မှုအတွက်လုပ်သားအင်အားနဲ့စရိတ်သက်သာ၍ပိုအဆင်​ပြေနိုင်​ကြောင်း ၊စီးပွားရေးတိုးတက်ဖို့ နယ်စပ်ဒေသငြိမ်းချမ်းရေးကအဓိကကျသည့်အတွက် လုပ်​ဆောင်​နေ​ကြောင်းတို့ကို လည်း ဦးစိုးသိန်းက ထည့်သွင်း​ပြောကြားခဲ့သည်။

တရုတ်သံအမတ်ကလည်း တရုတ်ပြည်​ရှေ့ဆက်သွားမည့်မူဝါဒများအ​ကြောင်း၊အိမ်နီးချင်းများနှင့်ပတ်သက်သည့်စီမံချက်များ၊တရုတ်က မြန်မာသို့ကူညီ​ပေးလိုသည်များတို့ကို ​ပြောကြားခဲ့သည်။

နှစ်ဖက် ကုန်သည်ကြီးများကလည်းကုန်သွယ်ရာတွင် ​တွေ့ကြုံ​နေရသည့်အခက်ခဲများ၊ ထပ်မံညှိနှိုင်းသင့်သည့် စီးပွား​ရေး မူဝါဒများ၊နယ်စပ်ကုန်သွယ်​ရေး ကိစ္စရပ်များ အပြန်အလှန် ​ဆွေး​နွေးခဲ့ကြသည်။

စီးပွား​ရေးသံမှူးမစ္စတာ တမ်ရူဖူ က နှစ်ဖက်ကုန်သည်များ​တင်ပြကြသည့်ကိစ္စရပ်များ၊ပြသနာများကို ယခု​ဆွေး​နွေးပွဲအပြီး နှစ်နိုင်ငံ ပူး​ပေါင်း​ဖြေရှင်းဖို့ တွန်းအား​ပေးသွားမည်ဟု ကတိပြု​ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here