သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်သို့ သွယ်တန်းထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်များမိုင်းထောင် ဖျက်ဆီးခံရ

0
342

ကရင်ပြည်နယ်၊ သင်္ကန်းညီနောင်မြို့မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်သို့ သွယ်တန်းထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်များမိုင်းထောင် ဖျက်ဆီးခံခဲ့ရကြောင်း နစက က ဒီဇင်ဘာ ၂ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် (၄၅၊ ၄၆၊ ၄၇) တို့သည် နိုဝင်ဘာ ၃၀ ရက်တွင် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့်

တာဝါတိုင်များ ထိပ်ပိုင်းကျိုးပဲပျက်စီးခြင်းနှင့် လဲကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here