လာမည့်နွေဦးမတိုင်မီ ယူကရိန်းအရေး ကို ရှင်းလင်းသောအဖြေရရန်မျှော်လင့်ဟုတူကီယေးဆို

0
201

ရောမ၊ဒီဇင်ဘာ ၃

ယူကရိန်း၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစဉ် သမ္မတပူတင်အနေဖြင့် ဆွေးနွေးရန်အသင့်ရှိနေသည်ဟု ခရင်မလင်ကထုတ်ပြန်ပြီးနောက် တူကီယေးနိုင်ငံခြားရေးဝန်ကြီးမစ္စတာ Mevlut Cavusoglu က၎င်းတို့အနေဖြင့် ယူကရိန်းအရေးအတွက် လာမည့်နွေဦးမတိုင်မီ တိကျရှင်းလင်းသော အဖြေရရန်မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။

“အခုဆိုရင်ယူကရိန်းကအားသာနေပြီး ရုရှားသိမ်းထားတဲ့နယ်မြေတစ်ချို့ကိုတောင်ပြန်ယူနိုင်ခဲ့ပါပြီ၊ဒါပေမဲ့ရုရှားဘက်မှာတော့ အခြေနေဆုတ်ယုတ်နေပြီး အရပ်သားအခြေခံအဆောက်အအံုတွေလောက်သာပစ်မှတ်ထားတိုက်ခိုက်နိုင်တော့တာပါ” ဟု၎င်းကပြောကြားခဲ့သည်။

“လာမယ့်နွေဦးမတိုင်ခင်မှာ အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ညှိနှိုင်းရေးစသဖြင့် တစ်ခုမဟုတ်တစ်ခု ရှင်းရင်းလင်းလင်းပေါ်ထွက်လာဖို့ရှိတယ်လို့ထင်ပါတယ်” ဟုလည်း၎င်းကဆိုသည်။

ရုရှား – ယူကရိန်းစစ်ဟာ အခုချိန်မှာပိုရှုပ်ထွေးလာပြီး အချို့အင်အားကြီး အနောက်နိုင်ငံတွေအနေနဲ့လည်း နှစ်ဖက်စလုံးကိုစေ့စပ်ညှိနှိုင်းရေးလုပ်နိုင်အောင် တိုက်တွန်းသင့်သည်ဟုပြောကြားခဲ့သည်။

သို့သော် ယခုအချိန်၌ တောင်ပိုင်းခါဆန်နှင့် ဇာပိုရီရှီအာ‌ဒေသများရှိဒေသများရှိ ရုရှားတပ်ဖွဲ့များက ခံစစ်အနေအထားဖြင့်ရှိနေချိန်၌ ယူကရိန်းအရှေ့ပိုင်းတွင်တိုက်ပွဲများပြင်းထန်နေသည်ဟုသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here