ဘိုင်ဒင်နှင့် မင်းသား ဝီလျံတို့ ဘောစတွန်တွင် တွေ့ဆုံ

0
332

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဝေးလ်စ်မင်းသား ဝီလျံတို့သည် ဘော်စတွန်မြို့တွင် နိုဝင်ဘာလ ၂ ရက်နေ့ သောကြာနေ့က တွေ့ဆုံခဲ့ကြကြောင်း ကင်ဆင်တန် နန်းတော်က ထုတ်ပြန်ခဲ့သည်။

ဝေးလ်မင်းသားနှင့် မင်းသမီးတို့သည် ဒုတိယအကြိမ်မြောက် Earthshot Prize ဆုပေးပွဲ နှစ်ပတ်လည် အခမ်းအနားအတွက် ဘော့စတွန်မြို့၌တွင် ရောက်ရှိနေခဲ့ပြီး အဆိုပါ ဆုကို မင်းသား ဝီလျံက ကမ္ဘာမြေ၏ အပြင်းထန်ဆုံးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများမှ အချို့ကို ကိုယ်တွယ်ဖြေရှင်းရာတွင် ကူညီရန်အတွက် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒင်သည် ဂျွန်အက်ဖ်ကနေဒီ၏ သမ္မတအိမ်တော် စာကြည့်တိုက်နှင့် ပြတိုက်အပြင်ဘက်တွင် မင်းသား ဝီလျံအား နှုတ်ဆက်ခဲ့ပြီးနောက် နှစ်ဦးသား နာရီဝက်ကြာအောင် နွေးထွေးဖော်ရွေစွာ ဆွေးနွေးပြောဆိုခဲ့သည်ဟု ကင်ဆင်တန် နန်းတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝီလျံသည် အထက်ပါ ဆုနှင့် ပတ်သက်၍ သူ၏ ကမ္ဘာလုံးဆိုင်ရာ ရေရှည် ရည်မှန်းချက်ကို ဘိုင်ဒင်ကို ပြောကြားခဲ့ပြီး အဲလိဇဘက် ဘုရင်မ၏ ဈာပနာပွဲသို့ တက်ရောက်ခဲ့သည့်အပေါ်လည်း ကျေးဇူးတင်ကြောင်း ပြောခဲ့သည်ဟု နန်းတော်က ပြောကြားခဲ့သည်။

အဆိုပါ သုံးရက်ကြာ ဘောစတွန်ခရီးစဉ်သည် မင်းသားဝီလျံ၏ ၂၀၁၄ ခုနှစ်နောက်ပိုင်း အမေရိကသို့ လာရောက်သည့် ပထမဆုံး ခရီးစဉ်လည်းဖြစ်သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here