ထိုင်းနိုင်ငံ၊မယ်ဆိုင်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေလည်ဆွဲလုယက်ယူဆောင်သွားသူအား ဖမ်းဆီးရမိရန် ထိုင်းဘတ်ငွေ ၅ သောင်းဆုကြေးသတ်မှတ်

0
282

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊မယ်ဆိုင်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ဘတ် ၁၅၃၀၀၀ တန်ရွှေလည်ဆွဲအား နိုဝင်ဘာ ၂၆ ရက်က လုယက်ယူဆောင်သွားသည့် ထိုင်းနိုင်ငံသားအား ဖမ်းဆီးရမိရန် ဘတ် ၅ သောင်းဆုကြေးသတ်မှတ်ခဲ့ကြောင်း သိရသည်။

ရွှေလည်ဆွဲအား လုယက်ယူဆောင်သွားသည့် ထိုင်းနိုင်ငံသားသည် နှာခေါင်းစည်း(Mask)တပ်ဆင်ထားကာ ယင်း ရွှေဆိုင်သို့ ၂ ကြိမ်လာရောက်ခဲ့ပြီး ဒုတိယအကြိမ်လာရောက်ချိန်၌ လုယက်ယူ ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မယ်ဆိုင်ရဲတပ်ဖွဲ့မှ CCTV မှတ်တမ်းများအား စစ်ဆေးချက်အရ သိရှိခဲ့ရသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် ရွှေလည်ဆွဲအားလုယက်ယူဆောင်ပြီးနောက် ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ဖမ်းဆီးရမိရေးအတွက် မယ်ဆိုင်မြို့ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာ ဖွေခဲ့ကြသည်။

ထို့ကြောင့် ရွှေလည်ဆွဲလုယက်သူမောင်းနှင်သွားသည့် ဆိုင်ကယ်အား ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းဘေး၌ တွေ့ရှိရသဖြင့် ယင်း နေရာရှိ CCTV မှတ်တမ်းများအား စစ်ဆေးရာ မယ်ဆိုင်ချောင်းအားဖြတ်ကူး၍ မြန်မာနိုင်ငံ၊တာချီလိတ်မြို့ဘက်သို့ ရောက်ရှိသွားကြောင်း သိရှိခဲ့ရသည်။

မယ်ဆိုင်မြို့ရဲတပ်ဖွဲ့ဝင်များက ရွှေလည်ဆွဲလုယက်သွားသူအား ကူညီဖမ်းဆီးပေးရန် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ထံသို့ ဆက်သွယ်အကူအညီတောင်းခံထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here