ရခိုင်ပြည်နယ်တွင် စစ်တွေ-ကျောက်တော်-ပလက်ဝ ကုလားတန်မြစ်ကြောင်းတူးဖော်ရေးဆောင်ရွက်နေမှုအပါအဝင် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ဆွေးနွေး

0
338

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့်ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishna တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ဒီဇင်ဘာ ၂ ရက်နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishna အား လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံအကူအညီဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊အိန္ဒိ ယ-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်ဖြင့် ကု လားတန်မြစ်ကြောင်းဖွံ့ဖြိုးရေးစီမံကိန်း စစ်တွေဆိပ်ခံတံတား တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်နိုင်ရေးနှင့်လည်ပတ်နိုင်ရေးဆောင်ရွက်နေမှုတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် စစ်တွေ-ကျောက်တော်-ပလက်ဝ ကုလားတန်မြစ်ကြောင်းတူးဖော်နေမှု၊ ပလက်ဝမှဇူရန်ပူလမ်းကြောင်းဖောက်လုပ်ရန်စီစဉ်နေမှုနှင့်ရခိုင် ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံအစိုးရ၏အကူအ ညီဖြင့် မီးလင်းရေးနှင့်ရေရရှိရေးစီမံကိန်းများ ဆောင်ရွက်မည့် အစီစဉ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishna နှင့်တာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here